ခမ်းသားငေါဝ်း
ဩဂုတ် ၁ ၊ ၂၀၂၄

ဖာမွန်းပန်းခြံဟောင်းနေရာတွင် လားရှိုးမှလာသည့်စစ်ဘေးရှောင်မိဘမဲ့ကလေးများသည် ဇူလိုင်လ၂၉ ရက်နေ့တွင် ဖာမွန်းအထက‌‌ကျောင်း၌ ကျောင်းပြန်တက်နေပြီဖြစ်ကြောင်း စစ်ဘေးရှောင်ဆရာမတစ်ဦးထံမှသိရသည်၊၊

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ သဲအင်းဝိပသာနာကျောင်းတောင်ဖက် ဖာမွန်းပန်းခြံဟောင်းနေရာတွင် လားရှိုးမှလာသည့်စစ်ရှောင်များထဲကကျောင်းနေအရွယ်မိဘမဲ့ကလေးများသည် ဖာမွန်းအထက‌‌ကျောင်းတွင် ကျောင်းပြန်တက်နေပြီဖြစ်သည်။

“ကလေး‌တွေကိုမနက်စာကျွေးပြီးမှ နေ့လည်စာကိုထမင်းချိုင့်နဲ့ထုပ်ပေးထားတယ်၊ လောလောဆယ်တော့အခက်ခဲကမရှိသေးပါဘူး အဆင်ပြေနေပါတယ်”ဟု စစ်ဘေးရှောင်ဆရာမတစ်ဦးကပြောသည်။

အထကဖာမွန်းကျောင်းတွင် စစ်ဘေးရှောင်ကလေးများသည် မူကြိုကနေ ၈ တန်းအထိစုစုပေါင်း ၄၂ ဦးထိရှိကြောင်းသိရသည်။

ဖာမွန်းပန်းခြံဟောင်းတွင် လာရှိုးမှလာသည့်ဘဝသစ်မေတ္တာမိဘမဲ့ဂေဟာအဖွဲ့ ၅၀ ဦးအပြင်လွိုင်ကော်ဖက်မှလာသည့်အဖွဲ့ ၁၄ အိမ်လည်းရှိကြောင်းသိရသည်။

PPV0012
ဓာတ်ပုံ- Crd
#လူ့အခွင့်အရေး
#ဖာမွန်းပန်းခြံ
#လားရှိုး
#စစ်ဘေးရှောင်မိဘမဲ့ကလေးများ
#ဖာမွန်းအထကကျောင်း

Leave a Reply

Your email address will not be published. Required fields are marked *