ခမ်းသားငေါဝ်း

ဩဂုတ် ၁၊ ၂၀၂၄

ပင်လောင်းမြို့ပေါ်တွင်ရေကြီးနေပြီး ဒေသခံတစ်ချို့ ရေဘေးကြုံနေရကြောင်း သြဂုတ်လ ၁ ရက်နေ့တွင် ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့ပေါ် တွင် ယခုတစ်လအတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများခြင်းကြောင်း ယနေ့ မနက်ပိုင်းတွင် မြို့ပေါ်ရှိ ပြည်သူနေအိမ်တစ်ချို့ ရေနစ်မြုပ်သွားကြောင်း သိရသည်။

“မိုးရွာနေတာ ကြာနေပြီ အရင်နေ့တွေကတည်းက မြေနိမ့်ပိုင်းမှာရှိတဲ့ နေရာတစ်ချို့ ရေမြုပ်တယ်။ဒီနေ့ကျတော့မြို့ပေါ် စျေးတောင်ဖက် စျေးအရှေ့ဖက်နဲ့ ဘုရားကြီးအနောက်ဖက်ရပ်ကွက်တစ်ချို့ ၊ပင်လောင်းကြီးနား နေအိမ် တစ်ချို့တွေ ရေဝင်လာကြတယ်။စျေးတောင်ဖက် လမ်းတွေဆို ဆိုင်ကယ် ကားတောင် သွားလို့မရတော့ဘူး “ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ယခုလိုရေကြီးခြင်းကြောင်း မြို့ပေါ်စာသင်ကျောင်းလည်းပိတ်ထားရပြီး မြေနိမ့်ပိုင်းနေရာများနှင့် ရေကြီးသော နေရာများတွင် သွားလာခြင်း၊နေထိုင်ခြင်း မပြုရန်လည်း တာဝန်ရှိသူက နိုးဆော်ထားကြောင်း၄င်းကဆက်ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင်လည်း ပင်လောင်းမြို့ပေါ်နှင့်မြေနိမ့်ပိုင်းရှိ ကျေးရွာတစ်ချို့ရေနစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး ဒေသခံများ၏ တောင်ယာများပျက်ဆီးခဲ့ပြီး နေအိမ်များရေနှစ်မြုပ်မှုရှိခဲ့ကြောင်း သိရသည်။

#PPV005
#သဘာဝဘေး
#ပင်လောင်းမြို့
#ရေဘေးကြုံနေရ
#ရေနစ်မြုပ်

Leave a Reply

Your email address will not be published. Required fields are marked *