ခမ်းသားငေါဝ်း
ဩဂုတ် ၁၊ ၂၀၂၄

တောင်ကြီးမြို့ ရှိ ကိုးကန့်လူမှူရေးခန်းမတွင် smart card (စမတ်ကဒ်)ပြုလုပ်ပေးရာတွင် အသက် ၅၀ ကျော်လူကြီးများက အချိန် ကြာမြင့်စွာစောင့်ခဲ့သော်လည်း smart card (စမတ်ကဒ်) မရရှိခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့သူထံသိရသည်။

ရှမ်းပြည်နယ်တောင်ပ်ိုင်း၊ တောင်ကြီးမြို့ဘုရားဖြူ နယ်မြေ (၁) (၂) (၃) ရှိ နေထိုင်သူများအား ဇူလိုင် ၂၉ ရက်နေ့ကစပြီး ၅ ရက်အတွင်း ကိုးကန့်လူမှူရေး ခန်းမ အပြင်ဘက်တွင် စမတ်ကဒ် ပြုလုပ်ပေးနေကြောင်းသိရသည်။

“ကျွန်မအမေနဲ့အဖေဆိုလည်း စမတ်ကဒ်သွားလုပ်တာ လုပ်လို့မရဘူးတဲ့ မွေးသက္ကရာဇ်တွေ မိဘနာမည်တွေ အချက်အလက်လွဲမှားနေလို့တဲ့ ပြီးတော့ မှတ်ပုံတင်အဟောင်းဆိုလဲ လုပ်မရဘူးပြောတယ်”ဟု ကိုယ်တိုင်ကြုံတွေ့ရသူ မိသားစုဝင်တစ်ဦးကပြောသည်။

အသက် ၅၀ ကျော်အရွယ်သက်ကြီးရွယ်အိုများသည် ၁၂ နာရီ ကတည်းက စမတ်ကဒ် လုပ်ရန် စောင့်နေခဲ့သော်လည်းညရောက်သည့်အချိန်ထိ smart card (စမတ်ကဒ်) မရရှိခဲ့သူများရှိကြောင်းသိရသည်၊၊

အသက် ၅၀ ကျော်အရွယ်အမျိုးသမီးတစ်ဦးက
“အဒေါ်ရဲ့ မွေးသက္ကရာဇ်နဲ့ အမေ နာမည်က မှားလို့နေလို့ လုပ်လို့မရဘူးတဲ့၊ စုပေါင်းရုံးမှာ တစ်ချက် သွားပြောပြီးရင်တော့ လုပ်လို့ရတယ်တဲ့ အဲ့တော့အန်တီက တစ်နေ့ကုန်မိုးအေးအေးနဲ့ စောင့်နေရတာ ဘာအဓိပ္ပာယ်ရှိမလဲ အသက်ကကြီးနေပြီး အိမ်ပြန်ရောက်တော့ နေမကောင်းဖြစ်တာဘဲ အဖက်တင်တယ်” ဟု

ယုခုအချိန် စမတ်ကဒ်က နိုင်ငံခြားထွက်ဖို့ရန်အတွက် လိုအပ်တာကြောင့် လူတိုင်းက စမတ်ကဒ်ကို လုပ်ဆောင် နေကြသည့်အတွက် စမတ်ကဒ်မလုပ်မီ အချက်အလက် မှန်မမှန်ကို လုပ်ဆောင်ပေးသူက အရင် စစ်ဆေးပေးဖို့ လိုအပ်ကြောင်း လာရောက်လုပ်ဆောင်သူများထံကသိရသည်။

တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက် များအားလုံး စမတ်ကဒ် ပြုလုပ်ဆောင်ရွက်ပြီးနောက် ခုဇူလိုင်လ နောက်ဆုံးအပတ်တွင် ဘုရားဖြူ နယ်မြေ (၁) (၂) (၃) ကို အရင်ဦးဆုံး စမတ်ကဒ် စတင်လုပ်ဆောင်ပေးနေကြောင်း သိရသည်။

PPV0013
ဓာတ်ပုံ-CJ
#လူ့အခွင့်အရေး
#တောင်ကြီးမြို့
#ကိုးကန့်လူမှုရေးခန်းမ
#smart card
#စမတ်ကဒ်
#ဘုရားဖြူ

Leave a Reply

Your email address will not be published. Required fields are marked *