ခမ်းသားငေါဝ်း
ဩဂုတ် ၁၊ ၂၀၂၄

လားရှိုးမြို့တွင် စစ်ကောင်စီ စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အရပ်သား(၅)ဦးသေဆုံးပြီး နေအိမ်(၁၅)လုံးထိခိုက်ပျက်စီး ခဲ့ရကြောင်း တအာင်းတပ်မတော် (TNLA)က ဇူလိုင်လ(၃၁)ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် စစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းမှတိုက်ခိုက်မှုများကြောင့် အရပ်သား(၅)ဦးသေဆုံးခဲ့ရပြီး နေအိမ်(၁၅)လုံးထိခိုက်ပျက်စီးခဲ့သည်။

လာရှိုးမြို့ရပ်ကွက်(၉)ကုန်စုံဆိုင်တစ်ဆိုင်သည် ဇူလိုင်လ(၃၁)ရက်နေ့ စစ်ကောင်စီတပ်လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင်း မီးလောင်ပြာကျခဲ့ရပြီး၊ ဇူလိုင်လာ(၂၉)ရက်နေ့တွင်လည်း လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့တွင်းအမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၃)ဦး ထိမှန်သေဆုံးခဲ့ပြီး နေအိမ်(၁၅)လုံးလည်း ထိခိုက်ပျက်စီးသွားကြောင်း ထုတ်ပြန်ချက်တွင်ဆိုထားသည်။

ရှမ်းမြောက်တွင် “၁၀၂၇စစ်ဆင်ရေး”ဒုတိယလိုင်းစတင်ပြီး (၃၆)ရက်အတွင်း စစ်ကောင်စီတပ်သည် အရပ်သားများရှိရာသို့ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သား(၁၃၃)ဦး သေဆုံးပြီး (၁၇၀)ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ ဘုန်းကြီးကျောင်း စာသင်ကျောင်းနှင့် နေအိမ်(၁၀၅)လုံးထိခိုက်ပျက်စီးသွားကြောင်း TNLAထုတ်ပြန်ချက်အရသိရသည်။

#PPV007
#လူ့အခွင့်အရေး
#လားရှိုးမြို့
#လက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှု
#TNLA

Leave a Reply

Your email address will not be published. Required fields are marked *