ခမ်းသားငေါဝ်း
ဩဂုတ် ၁၊ ၂၀၂၄

တစ်လအတွင်း စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အရပ်သား(၈၀)ကျော်သေဆုံးခဲ့ရသည်ဟု ဇူလိုင်လ(၃၁)ရက်နေ့တွင် နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ထုတ်ပြန်ချက်အရသိရသည်။

မြန်မာနိုင်ငံတစ်ဝန်း (၂၀၂၄)ခုနှစ် ဇူလိုင်လ(၁)ရက်နေ့မှ (၃၁)ရက်နေ့အထိတစ်လအတွင်း စစ်ကောင်စီတပ်တိုက်ခိုက်မှုများကြောင့် အမျိုးသမီး(၂၄)ဦးသေဆုံးခဲ့ရပြီး အမျိုးသား(၆၀)ဦး စုပေါင်း(၈၄)ဦး သေဆုံးခဲ့ရကြောင်းသိရသည်။

စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုများကြောင့် အရပ်သား(၄၀)ဦးအများဆုံးသေဆုံးခဲ့ရပြီး ဒုတိယအများဆုံးသေဆုံးမှုမှာ လေကြောင်းဖြင့်တိုက်ခိုက်မှုကြောင့် (၁၆)ဦးသေဆုံးခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင်ဆိုထားသည်။

မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းဒေသတွင် အရပ်သား(၁၅)ဦးစီပထမအများဆုံးသေဆုံးမှုဒေသဖြစ်ပြီး မကွေးတိုင်းတွင် (၁၂)ဦးဖြင့်ဒုတိယအများဆုံး သေဆုံးမှုဖြစ်သည်ဟုသိရသည်။

စစ်ကောင်စီတပ်အာဏာသိမ်းပြီး (၂၀၂၁)ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့မှစ၍ (၂၀၂၄)ခုနှစ် ဇူလိုင်လ(၃၁)ရက်နေ့အထိ စစ်ကောင်စီတပ်နှင့် ၎င်း၏လက်ပါးစေများကြောင့် ဒီမိုကရေစီလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း (၅၄၆၇)ဦးသေဆုံးခဲ့ရပြီး အတည်ပြုရန်လိုအပ်နေသည့် သတ်ဖြတ်ခံရသူလည်း (၂၀၀၀)ဝန်းကျင်ရှိကြောင်း AAPPမှထုတ်ပြန်ထားသည်။

#PPV007
#လူ့အခွင့်အရေး
#မြန်မာနိုင်ငံတဝန်း
#နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *