ခမ်းသားငေါဝ်း
ဇူလိုင် ၃၁၊ ၂၀၂၄

မိုးမိတ်မြို့ရှိ စစ်ကောင်စီ၏ လက်ကျန်တပ်စခန်းများကို TNLA ပူးပေါင်းတပ်တို့တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ဇူလိုင် ၃၁ ရက်နေ့က TNLA မှ သတင်းထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်း စကခ(၂၁) ခလရ (၃၄၈) မိုးမိတ်ဗျူဟာကုန်းအား ယနေ့ နံနက် ၁၁ နာရီအချိန်တွင် တအာင်းတပ်မတော် TNLA နှင့် ပူးပေါင်းတပ်တို့က ရှင်းလင်းသိမ်းပိုက်ခဲ့သည်ဟုဆိုသည်။

မိုးမိတ်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ လက်နက်ခဲယမ်း အများအပြားကို TNLA က သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင်လည်း ကျောက်မဲ မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရန် TNLA က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက် နေပြီး တိုက်ပွဲများ ပြင်းထန်နေကြောင်းသိရသည်။

photo TNLA
#ppv002
#TNLA
#တိုက်ပွဲ
#မိုးမိတ်မြို့
#1027
#ရှမ်းမြောက်

Leave a Reply

Your email address will not be published. Required fields are marked *