ခမ်းသားငေါဝ်း

ဇူလိုင် ၃၁၊ ၂၀၂၄

မိုးကြီးသဖြင့် လုဲင်းလောင်းပေရွာ-ထီယွန်ရွာ ဆက်သွယ်ထားသော လမ်းတံတားပျက်စီးသွားပြီး၊ လမ်းပေါ်တွင် မြေပြိုကျပြီး သစ်ပင်များလဲကျသဖြင့် ဒေသခံများ သွားလာရေးခက်ခဲနေရကြောင်း ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်၊ဇူလိူင်လ ၂၉ရက်ညတွင် မိုးကြီးပြီး လုဲင်းလောင်းပေရွာ-ထီယွန်ရွာ ဆက်သွယ်ထားသော လမ်းတံတားပျက်စီးသွားပြီး၊လမ်းပေါ်တွင် မြေပြို၊ သစ်ပင်များလဲကျသဖြင့် ဒေသခံများသွားလာရေးခက်ခဲနေသည်။

“မြေပြိုတာတွေ သစ်ပင်လဲတာတွေတော့ ရွာသားတွေ တစ်ချို့ရှင်းထားတယ်။ တံတားကတော့ လုံးလုံးပြိုသွားလို့ လူလောက်ဘဲသွားလို့ရတယ်။ကားဆိုင်ကယ်သွားလို့မရဘူး”ဟုဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ယခုထိ သက်ဆိုင်ရာတာဝန်ရှိသူများလည်း လာရောက်ရှင်းလင်းပေးခြင်းမရှိသေးကြောင်း ၄င်းကဆက်ပြောသည်။

ပြီးခဲ့သည့်မေလ၂၁ ရက်နေ့တွင်လည်း မိုကြီးလေပြင်းတိုက်ခြင်းကြောင့် ပင်လောင်းမြို့နယ် နောင်တရားမြို့ နောင်ကတူရွာတွင်လည်း လူနေအိမ် ၅ လုံးပျက်စီးပြီး စိုက်ခင်းများစွာလည်းပျက်စီးခဲ့ရကြောင်း သိရသည်။

Photo-Crd

#PPV005
#သဘာဝဘေး
#ပင်လောင်းမြို့နယ်
#လုဲင်းလောင်းပေရွာ
#ထီယွန်ရွာ
#တံပျက်စီး

Leave a Reply

Your email address will not be published. Required fields are marked *