ခမ်းသားငေါဝ်း
ဇူလိုင် ၃၁၊ ၂၀၂၄

မန္တလေးတိုင်း မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်စခန်း (၇)ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ထပ်မံသိမ်းပိုက်ရရှိထားကြောင်း ဇူလိုင် (၃၁)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

သိမ်းပိုက်နိုင်ခဲ့သည့် စစ်ကောင်စီရဲ့ တပ်စခန်းများမှာ ငါးလုံးပြွန်ကျေးရွာ တပ်စခန်း ၊ တောင်ကန်ကျေးရွာ တပ်စခန်း ၊ အောင်သပြေကျေးရွာ တပ်စခန်း ၊ အောင်သပြေကားကွင်း တပ်စခန်း ၊ မြို့ကုန်းရွာ တပ်စခန်း ၊ ထန်းပင်ကုန်းရွာ တပ်စခန်းနှင့် ဘိုကုန်းရွာ တပ်စခန်းများ ဖြစ်ကြောင်းဆိုထားသည်။

ထို့အပြင်မတ္တရာမြို့နယ်တွင် သိမ်းပိုက်ရရှိထားသည့် စစ်ကောင်စီတပ်စခန်း အရေအတွက်တွင် (၃၅)ခု ရှိခဲ့ပြီဖြစ်ပြီး သတ်မှတ်ထားသည့်စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေသည်ဟုလည်း ထုတ်ပြန်ထားသည်။

မတ္တရာမြို့နယ်တွင် ကျောက်တံတားကျေးရွာနှင့် မြကန်သာကျေးရွာတို့တွင်လည်း တိုက်ပွဲများ ပြင်းထန်နေကြောင်းသိရသည်။

ဓာတ်ပုံ- MDY-PDF

PPV0010
#စစ်ရေး
#မန္တလေးတိုင်း
#မတ္တရာမြို့နယ်

Leave a Reply

Your email address will not be published. Required fields are marked *