ခမ်းသားငေါဝ်း

ဇူလိုင် ၃၁၊ ၂၀၂၄

တောင်ကြီးမြို့တွင် စက်သုံးဆီပန့်ဆိုင်ကြီးများ ပိတ်ထားသောကြောင့် ကားသမားများအခက်အခဲ ဖြစ်နေကြောင်း ကားမောင်းသူတစ်ဦးထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၌ ဇူလိုင်လ ၃၁ ရက်နေ့တွင် စက်သုံးဆီပန့်ဆိုင်များပိတ်ထားသောကြောင့် ကားသမားများအခက်အခဲဖြစ်နေသည်။

” ဒီမနက် မှာ စပိတ်လိုက်တာထင်တယ်၊ မနေ့ညက ရသေးတယ်၊ ဆီပြတ်သွားလို့လား တက်စျေးနဲ့ပဲရောင်းချင်တာလားတော့မသိဘူး၊ အကုန်လုံးကိုပိတ်ထားတာ၊ဆီဆိုင်သေးသေးလေးတွေတော့ ဖွင့်ပါသေးတယ်၊ စျေးတော့ပိုများတာပေါ့” ဟု ကားသမားတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ဆီပန့်ကြီးများတွင် 92 တစ်လီတာကို ၂၇၃၅ ကျပ်ရှိပြီး ဆီဆိုင်အသေးများတွင် ၃၃၀၀ ကျပ် ထိပေးဝယ်ရခြင်းကြောင့် ကုန်ကျစရိတ်ပိုများနေကြောင်း၎င်း ကဆက်ပြောသည်။

ရန်ကုန် နှင့် မန္တလေးတို့တွင်လည်း ဇူလိုင်လ ၃၀ ရက်နေ့မှစတင်ပြီး စက်သုံးဆီပြတ်လပ်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

PPV003

ဓာတ်ပုံ-ခမ်းသားငေါဝ်း
#လူ့အခွင့်အရေး
#ကုန်ဈေးနုန်း
#တောင်ကြီးမြို့
#စက်သုံးဆီပန့်ဆိုင်ကြီးများ
#ကားသမားများ

Leave a Reply

Your email address will not be published. Required fields are marked *