ခမ်းသားငေါဝ်း
ဇူလိုင် ၃၁၊ ၂၀၂၄

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယာယီသမ္မတ(တာဝန်)စာတမ်းနှင့်ဇူလိုင် ၃၁ ရက်တွင် အမျိုးသားလုံခြုံရေး(ကာလုံ) အစည်းအဝေး ခေါ်ယူပြီး အရေးပေါ်ကာလ ၆ လထပ်တိုးခဲ့ကြောင်းသိရသည်။

ယနေ့မနက် ၁၀ နာရီ အချိန် နေပြည်တော်တွင် ယာယီသမ္မတ၊ ဝန်ကြီးချုပ်၊ တပ်မတော် ကာကွယ် ရေးဦး စီးချုပ်ဟု ၃ မည်ရသည့် အာဏာသိမ်းစစ်ခေါင်းဆောင်က ကာလုံ အစည်အဝေးတွင် သက်တမ်းထပ်တိုးလိုက်ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ် အာဏာသိမ်းခြင်းမှစပြီး ၁ နှစ်သက်တမ်းမှ အရေးပေါ်ကာလ ၆ လနှင့် ယခုအကြိမ်အပါ ၆ ကြိမ် သက်တမ်းတိုးလာခြင်းဖြစ်သည်။

#အရေးပေါ်သက်တမ်း
#စစ်ခေါင်းဆောင်
#ယာယီသမ္မတ
#နိုင်ငံရေး

Leave a Reply

Your email address will not be published. Required fields are marked *