Month: August 2024

တအာင်းတပ်မတော်အနေနှင့် တိုက်ပွဲများချက်ချင်းရပ်ရန် တရုတ်သတိပေး

ခမ်းသားငေါဝ်း သြဂုတ်လ ၃၊၁ ၂၀၂၄ တအာင်းလွတ်မြောက်ရေးတပ် TNLA အနေနှင့် တိုက်ပွဲများ ချက်ချင်းရပ်တန့်ရန် တရုတ်ဘက်က သတိပေးစာပေးပို့လိုက်ကြောင်းသိရသည်။ ထိုစာကိုဩဂုတ် ၂၉ ရက်စွဲဖြင့် ရွှေလီမြို့နိုင်ငံတော် လုံခြုံရေးကော်မတီက ပေးပို့ခဲ့ခြင်းဖြစ်ပြီး ‘’တရုတ်၏သတိပေးချက်အတိုင်း မပူးပေါင်းရင် အကျိုးဆက်တွေအားလုံးကို တာဝန်ယူရမယ်”ဟုရေးသားထားသည်။ နယ်စပ်ဒေသက တရုတ်နိုင်ငံသားများသာမက မြန်မာပြည်တွင်းက တရုတ်နိုင်ငံသားများ လုပ်ငန်းများ လုံခြုံရေးကိုအာမခံပေးရန်နှင့် တရုတ်နယ်စပ် တည်ငြိမ်အေးချမ်းရေးနှင့် တရုတ်နိုင်ငံသားများ၏…

လျှပ်စစ်မီးပုံမှန်မလာသော်လည်း မီတာခတိုးမြှင့်ကောက်ခံရန် စစ်ကောင်စီပြင်ဆင်

ခမ်းသားငေါဝ်း သြဂုတ် ၃၀၊ ၂၀၂၄ လျှပ်စစ်ဓာတ်အားနူန်းများကိုလာမည့်စက်တင်ဘာ (၁)ရက်ကစပြီးတိုးမြှင့်ကောက်ခံသွားမည်ဟုစစ်​ကောင် စီ၏လျှပ်စစ်ဝန်ကြီးဌာနမှသြဂုတ်လ(၃၀) ရက်တွင်ထုတ်ပြန်ထားသည်။ လက်ရှိအိမ်သုံးလျှပ်စစ်မီတာများသည်၂၀၀ ယူနစ်အထက်ကို ၁၂၅ ကျပ်နူန်းကောက်ခံရာကနေ ၃၀၀ ကျပ်အထိတိုးကောက်လာခြင်းကြောင့်နှစ်ဆကျော်အထိတက်သွားမည်ဖြစ်ကြောင်းသိရသည်။ “မီတာခကျတိုးကောက်ချင်တယ်၊မီးကျတော့ပုံမှန်မလာဘူး။မီးပုံမှန်မလာတော့ဒီစားသောက်ဆိုင်တို့ တခြားမီးနဲ့အလုပ်လုပ်နေရတဲ့သူတွေဆိုလုံးဝအဆင်မပြေဘူးလေ။တစ်ရက်လုံးကိုမှတစ်နာရီဘဲလာတဲ့ရက်တွေကရှိသေးတယ်”ဟုတောင်ကြီး ဒေသခံတစ်ဦးကပြောသည်။ ကောက်ခံမည့်အိမ်သုံးအမျိူးအစားနူန်းထားများအနေဖြင့်(၁)ယူနစ်ကနေ(၅၀)ယူနစ်အထိကို(၅၀) ကျပ်၊(၅၁)ယူနစ်ကနေ(၁၀၀)ယူနစ်အထိကို(၁၀၀) ကျပ်၊(၁၀၁)ယူနစ်ကနေ(၂၀၀)ယူနစ်အထိကို(၁၅၀) ကျပ်၊(၂၀၁)ယူနစ်အထက်ကို(၃၀၀)ကျပ်စသဖြင့်တိုးမြှင့်ကောက်ခံသွားမည်ဖြစ်သည်။ အိမ်သုံးမဟုတ်သည့်စက်မှု၊စီးပွားရေးလုပ်ငန်းသုံး၊အစိုးရနှင့်အခြားအဖွဲ့အစည်းသုံးအမျိူးအစားများအတွက်(၁)ယူနစ်ကနေ(၅၀၀၀)ယူနစ်အထိကို(၁၅၀)ကျပ်၊(၅၀၀၁)ယူနစ်ကနေ(၂၀၀၀၀)ယူနစ်အထိကို(၄၀၀)ကျပ်နှင့်၊(၂၀၀၀၁)ယူနစ်အထက်ကို(၅၀၀)ကျပ်ကောက်ခံသွားမည်ဖြစ်သည်။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှလျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးများနှင့်ဓာတ်အားလိုင်းကြီးများကိုအဆင့်မြှင့်တင်ခြင်း၊တိုးချဲ့တည်ဆောက်ခြင်း၊ပြုပြင်ထိန်းသိမ်းခြင်းများကိုပြည်တွင်းပြည်ပရင်းနှီးမြှပ်နှံခြင်းများဖြင့်ဆောင်ရွက်ပြီးလျှပ်စစ် ဓာတ်အားသုံးစွဲပြည်သူများသို့တည်ငြိမ်သည့်လျှပ်စစ်ဓာတ်အားပိုမိုထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေးဆောင်ရွက်ရာတွင်ဘဏ္ဍရေးနှစ်အလိုက်ထုတ်လုပ်မှုစရိတ်မြင့်မားလာပါသဖြင့်ဓာတ်အားခနူန်းများအားပြင်ဆင်သတ်မှတ်ရန်လိုအပ်လျက်ရှိကြောင်းထုတ်ပြန်ချက်တွင်ဆိုထားသည်။ #Photo –Online #PPV0012 #social #လျှပ်စစ်မီး #မီတာခတိုးကောက်…

လားရှိုးမြို့လျှပ်စစ်မီးပြန်လည်ရရှိရေး MNDAA နှင့် ရေနှင့်လျှပ်စစ်ကုမ္ပဏီဝန်ထမ်း၊‌ ဒေသခံဝန်ထမ်းများ လုပ်ဆောင်နေ

ခမ်းသားငေါဝ်း သြဂုတ် ၃၀၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ပြည်သူများ၏စားဝတ်နေရေး ပြန်လည်ကောင်းမွန်လာစေရန် ဓာတ်အားပေးဝေမှုစနစ်အား အထူးဒေသ ရေအားလျှပ်စစ်ကုမ္ပဏီမှ ပြုပြင်ပေးနေကြောင်း MNDAA က ဩဂုတ်လ(၂၉)ရက်နေ့တွင် ဖော်ပြထားသည်။ လားရှိုးတွင် တိုက်ပွဲအပြီး ပြည်ထောင်စု မြန်မာနိုင်ငံ ၏ အထူးဒေသ (၁)အုပ်ချုပ်မှု ကော်မတီသည် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်ရန်အတွက် လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းပြီး လျှပ်စစ်ဓာတ်အားပေးဝေမှုစနစ်ပြန်လည်ရရှိရေး ဦးစားပေး…

ဒီးမော့ဆို အနောက်ဖက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်ခုတွင် စားနပ်ရိက္ခာပြတ်လပ်နေ

ခမ်းသားငေါဝ်း သြဂုတ် ၃၀၊ ၂၀၂၄ ဒီးမော့ဆို အနောက်ဖက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်ခုတွင် စားနပ်ရိက္ခာပြတ်လပ်နေကြောင်းသြဂုတ် ၃၀ ရက်က စစ်ရှောင်ကူညီသူတစ်ဦးထံမှသိရသည်။ ကရင်နီ( ကယား) ပြည်နယ်၊ ဒီးမော့ဆို အနောက်ဘက်ခြမ်းရှိစစ်ရှောင်စခန်းတစ်ခုတွင် အလှူရှင် မရောက်ရှိလာတော့သဖြင့် စားနပ်ရိက္ခာ ပြတ်လပ်မှု နှင့် ကြုံတွေ့နေရသည်။ ” ဇူလိုင်လကတည်းကစပြီး အလှူရှင်တွေရောက်မလာတော့ဘူးပေါ့နော်၊ သူတို့က အလှူရှင်တွေပဲအားကိုးနေကြရတာ၊ အခုတော့ ဆန်တွေပြတ်နေပြီ၊ တစ်ရက်ကို…

ပင်လောင်းမြို့တွင် ငွေကျပ် ၅၅၅ သိန်းတန်းဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ခမ်းသားငေါဝ်း သြဂုတ် ၃၀၊ ၂၀၂၄ ပင်လောင်းမြို့၊ဈေးတန်းရပ်ကွက်ရှိ ကားဂိတ်တွင်ဩဂုတ်လ(၂၉) ရက်က ငွေကျပ် ၅၅၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးဖမ်းဆီးရမိကြောင်း CCDAC Myanmar မှ ဖော်ပြချက်အရသိရသည်။ စစ်ကောင်စီ ၏မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့များပါဝင်‌သည့် ပူးပေါင်းအဖွဲ့က ဩဂုတ်လ(၂၇)ရက်တွင် ဖမ်းဆီးရမိကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့၊ ဈေးတန်းရပ်ကွက်ရှိ ကားဂိတ်တွင် မော်တော်ဆိုင်ကယ်ဖြင့် ပါဆယ်ပစ္စည်းများ လာရောက်ပို့ဆောင်သူ ခွန်တင်ဝင်းအား စစ်ဆေးရှာဖွေရာ ပစ္စည်းအတွင်းမှ…

PNO ပြည်သူ့စစ်သည် မိမိဒေသအား ကာကွယ်ရန်သာဖြစ်ကြောင်း ပြောဆိုခြင်း မုဝါဒ

The people’s voice- ခမ်းသားငေါဝ်း Fact check ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့တွင် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က မိမိဒေသကာကွယ်ရေးနှင့်လုံခြုံရေးကိစ္စဆောင်ရွက်နိုင်ရန် ပြည်သူ့စစ်သင်တန်းဆင်းပွဲ ကို ၂၀၂၄ သြဂုတ် ၂၁ ရက်နေ့က ပြုလုပ်ခဲ့သည်။ ထိုသင်တန်းဆင်းပွဲတွင် PNO ပြည်သူ့စစ် စန္တာခမ်း ဒုဗိုလ်မှူးကြီး ဖြားခွန်ဒေဝက “အခြေခံသင်တန်းကနေ တတ်မြောက်ထားတာတွေ ဘာလုပ်ဖို့လဲဆိုတော့ ကိုယ့်ကိုယ်အတွက်၊…

လာမည့် စက်တင်ဘာလမှစ၍ နိုင်ငံကူးလက်မှတ်ပြုလုပ်ရာတွင် စာအုပ်ကြေးကို တိုးမြှင့်ကောက်ခံမည်

ခမ်းသားငေါဝ်း ဩဂုတ် ၂၉၊ ၂၀၂၄ လာမည့် စက်တင်ဘာလမှစ၍ နိုင်ငံကူးလက်မှတ်ပြုလုပ်ရာတွင် စာအုပ်ကြေးကို တိုးမြှင့်ကောက်ခံမည်ဖြစ်ကြာင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှသြဂုတ်လ(၂၉)ရက်နေ့တွင် အသိပေးကြေညာထားသည်။ မြန်မာနိုင်ငံကူးလက်မှတ်(Passport ) လျှောက်ထားကြေးများကို စက်တင်ဘာ (၁) ရက်မှစ၍ စာအုပ်ဖိုးငွေ (၃၅၀၀၀) ကျပ်မှ (၄၀၀၀၀) ကျပ်သို့ ပြောင်းလဲသတ်မှတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။ ထို့ပြင် Online Booking ရယူရာတွင် အချိန်အကန့်အသတ်မရှိဘဲ…

အာလူးစျေးကောင်းရနေသော်လည်း မိုးများခြင်းကြောင့်ပျက်စီးမှုရှိနေပြီး စိုက်ပျိုးတောင်သူများ တွက်ခြေမကိုက်

ခမ်းသားငေါဝ်း ဩဂုတ် ၂၉၊ ၂၀၂၄ အာလူးများ ယခင်ထက်စျေးကောင်းရနေသော်လည်း အရင်းနှီးများခြင်းနှင့် မိုးများခြင်းများကြောင့် အပင်တချို့ပျက်စီးခြင်းများရှိနေပြီး စိုက်ပျိုးတောင်သူများ တွက်ခြေမကိုက်နေကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းဒေသထွက် အာလူးများသည် ပြီးခဲ့သည့် ဧပြီလခန့်က တစ်ပိဿာလျှင် ၂၀၀၀၊၂၅၀၀ ကျပ်အထိသာ ရရှိနေခဲ့ပြီး ယခုတွင် တစ်ပိဿာ ၃၅၀၀ နှင့် ၄၀၀၀ အထက် ရရှိနေသော်လည်း မိုးများပြီးအပင်ပျက်စီးခြင်းနှင့် ရင်းနှီးရသည့်ကုန်ကျစရိတ်လည်းများသည့်အတွက်စိုက်ပျိုးတောင်သူများ တွက်ခြေမကိုက်ဖြစ်နေသည်။…

အောင်ပန်းတွင်အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွား

ခမ်းသားငေါဝ်း ဩဂုတ် ၂၉၊ ၂၀၂၄ အောင်ပန်းတွင်အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း နာရေးကူညီမှုအသင်းပေးအောင်ပန်းထံမှ ဩဂုတ် ၂၉ ရက်တွင် သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့ အမှတ် ၃ ရပ်ကွက်၊ နယ်မြေ ၉ နေ အသက် ၄၄ နှစ်အရွယ်ဦးကျော်ဆိုသည်သူ ယနေ့ မနက် ၁ နာရီခန့်အချိန်တွင် နေအိမ်နံဘေး အုတ်တံတိုင်း အနီးရှိ သံတိုင်၌…

Dawei Watch သတင်းဌာနမှ သတင်းသမား ၂ ဦးကို စစ်ကောင်စီက မတရားထောင်ဒဏ် တသက်တစ်ကျွန်းနှင့် အနှစ် ၂၀ ချ

ခမ်းသားငေါဝ်း ဩဂုတ် ၂၉၊ ၂၀၂၄ Dawei Watch သတင်းဌာနမှ သတင်းသမား (၂)ဦးကို စစ်ကောင်စီက ထောင်ဒဏ် တသက်တစ်ကျွန်းနှင့် ထောင်ဒဏ် အနှစ်(၂၀) ချမှတ်လိုက်ကြောင်း အဆိုပါသတင်းဌာနမှ ဩဂုတ်လ (၂၇)ရက်တွင် ထုတ်ပြန်ထားသည်။ တနင်္သာရီတိုင်း မြိတ်မြို့ အခြေစိုက် သတင်းသမား (၂)ဦးဖြစ်သည့် ကိုမျိုးမြင့်ဦးနှင့် ကိုအောင်ဆန်းဦး တို့ကို စစ်ကောင်စီတပ်က ၂၀၂၃ ခုနှစ်…