Month: July 2024

စစ်ကောင်စီတပ်ရှိ တပ်နယ်အားလုံးမှ အလင်းဝင်သူများအား MNDAA တပ်မတော်က ဆုငွေ ချီးမြင့်

ခမ်းသားငေါဝ်း ဇူလိုင် ၁၄၊ ၂၀၂၄ စစ်ကောင်စီ မင်းအောင်လှိုင်တပ်ရှိ တပ်နယ်အားလုံးမှ အလင်းဝင်သူများအား MNDAA တပ်မတော်က ဆုငွေချီး မြှင့်ပေးကြောင်း MNDAA မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်မတော်နိုင်ငံရေးဌာနက ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်တွင် ကိုယ့်ဆန္ဒအလျောက် လက်နက်ချပြီး အလင်းဝင်လာသည့်သူများအတွက် လူသားချင်းစာနာသည့် ဆက်ဆံရေးများပေးပြီး အသက်အာမခံချက်အပြည့်အဝပေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်ကောင်စီစစ်သည်များ အလင်းဝင်လာသည့်သူများအတွက် ငွေကျပ် ၁၀ သိန်းနှင့် လက်နက်နဲ့တကွ…

ပင်လောင်းတိုက်ပွဲအတွင်း ဆောင်းပြောင်းဘုန်းကြီးကျောင်း ပျက်စီးသွား

ခမ်းသားငေေါဝ်း ဇူလိုင် ၁၄၊ ၂၀၂၄ ပင်လောင်းတိုက်ပွဲအတွင်း ဆောင်းပြောင်းဘုန်းကြီးကျောင်း ပျက်စီးသွားခဲ့ကြောင်း ဇူလိူင်လ ၁၄ ရက်နေ့တွင် သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ဆောင်းပြောင်း ကျေးရွာရှိ ဘုန်ကြီးကျောင်းကို ဇူလိူင်လပထမပတ်အတွင်းတွင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ပျက်စီးခဲ့ရကြောင်း သိရသည်။ “ဇူလိူင်လ ၇၊ ၈၊ ၉ ရက်ကတစ်ရက်ရက်ဖြစ်တယ်။ စစ်ကောင်စီလက်နက်ကြီးနဲ့လား လေကြောင်းနဲ့လားဆိုတာတော့သေချာမသိရဘူး။ အဲသုံးရက်က လေကြောင်းယော ၊လက်နက်ကြီးယော…

ဒေသတည်ငြိမ်ရေးနှင့်ပြည်သူ့လုံခြုံရေး အတွက်ဟုဆိုကာ SSPP က မိုင်းရယ်မြို့နယ်တွင် စစ်အင်အားထောင်နှင့်ချိီဝင်ရောက်တပ်စွဲနေ

ခမ်းသားငေါဝ်း ဇူလိုင် ၁၄၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်မြို့နယ်တွင် ဒေသတည်ငြိမ်ရေးနှင့် ပြည်သူ့လုံခြုံရေးအတွက်ဟုဆိုကာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)က စစ်အင်အား (၁၀၀၀)ကျော်ဖြင့် ဇူလိုင်လ (၁၂)ရက်နေ့ကစတင် တပ်စွဲလိုက်သည်ဟု SSPP ဘက်က ထုတ်ပြန်ထားသည်။ နှစ်ပေါင်းများစွာ စိုးမိုးလာသည့် နယ်မြေဖြစ်ကာ ပြည်သူတွေရဲ့ တောင်းဆိုချက်အရ ပြည်သူများကိုကာကွယ်ရန်အတွက် ဝင်ရောက်တပ်စွဲခြင်းဖြစ်ပြီး ဇူလိုင်လ (၁၃)ရက်နေ့တွင်လည်း အင်အားထပ်မံဖြည့်တင်းကာ မိုင်းရယ်မြို့နယ်အတွင်း နေရာအနှံ့…

စစ်မှုထမ်းစာရင်းကောက်ယူရာ ကာယကံရှင်ဆန္ဒမပါဘဲ အတင်းအကျပ်စာရင်းမသွင်းရန် စစ်ကောင်စီစစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌပြောဆို

ခမ်းသားငေါဝ်း ဇူလိုင် ၁၃၊ ၂၀၂၄ စစ်မှုထမ်းစာရင်းကောက်ရာတွင် ကာယကံရှင်ဆန္ဒမပါဘဲ အတင်းအကျပ်စာရင်းမသွင်းရန်စစ်ကောင်စီ၏ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌပြောဆိုလိုက်ကြောင်း စစ်ကောင်စီ ဝါဒဖြန့် မီဒီယာကဖော်ပြထားသည်။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ လုပ်ငန်းညှိနှိင်းအစည်းအဝေးအမှတ်စဉ်(၅/၂၀၂၄)ကို ဇူလိုင်၁၂ ရက်နေ့က နေပြည်တော်တွင်ပြုလုပ်ခဲ့ပြီး စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ထိုသို့ပြောဆိုလိုက်သည်။ ထို့အ​ပြင် အသက်မပြည့်သေးသူများ၊ အသက်ကျော်လွန်သူများ မပါရန်ကိုလည်း တိတိကျကျထိထိရောက်ရောက်လုပ်ဆောင်ရန် စစ်ကောင်စီ ၏…

လွယ်မောကျေးရွာအုပ်စုတွ PNO ပြည်သူ့စစ်က ၅ ရက်စစ်သင်တန်းပေးနေ

ခမ်းသားငေါဝ်း ဇူလိုင် ၁၃၊ ၂၀၂၄ လွယ်မောကျေးရွာအုပ်စုတွင် ဇူလိုင်လ ၁၀ ရက်နေ့မှစပြီး PNOပြည်သူ့စစ်က လူဦးရေ ၁ ထောင့် ၇ ရာကျော်အား ၅ ရက်စစ်သင်တန်းပေးနေကြောင်း ဒေသခံထံက သိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း ၊ပင်လောင်းမြို့နယ် တီကျစ် မြို့အရှေ့ဘက်ရှိ လွယ်မောကျေးရွာအုပ်စုအတွင်း ဟိုပုံကိုရင်းလေးသာသနာလုံခြုံရေး ကဒ်ရှိသူများနှင့် ဒေသခံ ၁၇၅၅ ဦးအား နောင်တရား၊ တပေါင်းကွင်းထဲတွင်…

ဒုံးတပ် ၆၀၆ ထွက်ပြေးစစ်သားများကို လိုက်ရှင်းရင်း ဂုတ်ထိပ်/ဂုတ်တွင်းစခန်းကို TNLA/DPLA ပူးပေါင်းအဖွဲ့ သိမ်းပိုက်

ခမ်းသားငေါဝ်း ဇူလိုင်၁၃၊ ၂၀၂၄ လားရှိုး -မန္တလေးလမ်းပေါ်ရှိ ဂုတ်ထိပ်/ဂုတ်တွင်းစခန်းကို TNLAနှင့် DPLA ပူးပေါင်းအဖွဲ့က သိမ်းပိုက် နိုင်ခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ထားသည်။ နောင်ချိုမြို့ နောက်ဆုံးခံတပ် ဒုံးတပ်(၆၀၆)တပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဂုတ်ထိပ်/ ဂုတ်တွင်းစခန်းထံ ထွက်ပြေးသွားကာ လိုက်လံရှင်းလင်းရာမှသိမ်းဆည်းရမခြင်းဖြစ်ကြောင်း PSLF/TNLA က ဆိုသည်။ ထိုဒီစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းများနှင့်အတူ လက်နက် ၁၅…

KNU ထိန်းချုပ်နယ်မြေတွင် ၆ လတာအတွင်း တိုက်ပွဲများ၌ စစ်တပ်ဘက်မှ ၁၉၀၃ ဦး သေဆုံးပြီး တော်လှန်ရေး ရဲဘော် ၈၁ ဦးသေဆုံး

ခမ်းသားငေါဝ်း ဇူလိုင် ၁၃၊ ၂၀၂၄ KNU ထိန်းချုပ် နယ်မြေတွင် ၆ လတာအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ စစ်တပ်ဘက်မှ ၁၉၀၃ ဦး သေဆုံးခဲ့ကြောင်း KNU ဗဟိုကထုတ်ပြန်လိုက်သည်။ ၂၀၂၄ ခုနှစ် ပထမ ၆ လတာ တိုက်ပွဲများအတွင်း ဖြစစ်ကောင်စီတပ်သား ၁၉၀၃ ဦး သေဆုံးပြီး ၁၂၇၅ ဦးခန့် ထိခိုက်…

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) တိုက်ပွဲ ၁၈ ရက်အတွင်း အရပ်သားပြည်သူ ၅၈ ဦးသေဆုံး

ခမ်းသားငေါဝ်း ဇူလိုင်၁၃၊၂၀၂၄ ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) တိုက်ပွဲ ၁၈ ရက်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှကြောင့် အရပ်သားပြည်သူ ၅၈ ဦးအထိသေဆုံးခဲ့ရပြီဖြစ်ကြောင်း TNLA သတင်းထုတ်ပြန်ချက်အရသိရသည်။ စစ်ကောင်စီက အရပ်သားများကို ဦးတည်ကာ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားနေအိမ် (၁၀၀) နီးပါးထိခိုက်ပျက်စီးပြီး ပြည်သူ ၈၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဆိုသည်။ ဇူလိုင် ၁၂ ရက်နေ့က လားရှိုးမြို့…

ဒီးမော့ဆိုမြို့နယ်ရှိစစ်ရှောင်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေ

ခမ်းသားငေါဝ်း ဇူလိုင် ၁၂၊ ၂၀၂၄ ဒီးမော့ဆိုမြို့နယ်ရှိစစ်ရှောင်စခန်းများတွင် ဝမ်းပျက်ဝမ်းလျော ရောဂါဖြစ်ပွားနေကြောင်းစစ်ဘေးရှောင်ကူညီနေသူတစ်ဦးထံမှ သိရသည်။ ကရင်နီ(ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းများတွင် ဇူလိုင်လမှ စပြီး ဝမ်းပျက်ဝမ်းလျောရောဂါ စတင်ဖြစ်ပွားခဲ့သည်။ ”စစ်ဘေးရှောင်စခန်းတွေမှာက လူတွေအရမ်းများတော့ သန့်ရှင်းမှုအပိုင်းမှာလိုအပ်တာတွေရှိတယ်၊ ဥပမာ ယင်လုံအိမ်သာတွေ၊ သန့်ရှင်းတဲ့ရေရရှိမှုတွေပေါ့၊ ပြီးတော့ ဒီရာသီဥတုက ခြင်၊ယင်တွေအရမ်းပေါတာလေ၊ အဲ့ကနေတဆင့် ကူးစက် ဖြစ်ပွားတာ” ဟု စစ်ဘေးရှောင်ကူညီနေသူတစ်ဦးကခမ်းသားငေါဝ်း…

လားရှိုးမြို့မှ တောင်ကြီး ယာဉ်စီးခ မြှင့်တက်လာသဖြင့် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ပြည်သူများအခက်အခဲဖြစ်နေ

ခမ်းသားငေါဝ်း ဇူလိူင် ၁၂၊ ၂၀၂၄ လားရှိုးမှ တောင်ကြီးသို့ ကားစီးလျှင် ယာဉ်စီးခဈေးအဆမတန်မြှင့်တက်လာသဖြင့် ပြည်သူများ အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ယခုရက်ပိုင်း တိုက်ပွဲကြောင့် စက်သုံးဆီများဝယ်ယူရန်အခက်အခဲဖြစ်နေ ပြီး ကုန်ဈေးနှုန်းမြင့်တက်နေမှု​ ကြောင့် ကားခများအဆမတန် မြင့်တက်လာရခြင်းဖြစ်ပြီး ခရီးသည်တစ်ဦးလျှင် ကျပ်သိန်းဆယ်ဂဏန်းထိ ဈေးပေါက် နေကြောင်းသိရသည်။ “စစ်ပွဲစစဖြစ်တုန်းကဆိုရင်လားရှိုး_တောင်ကြီးဆို ကားခတစ်ယာက် ၂ သိန်း ၃…