Month: July 2024

တခါးယဉ်ရွာတွင် PNOပြည့်သူ့စစ်အတွက် ထမင်းထုပ်ပို့ပေးနေရ

ခမ်းသားငေါဝ်း ဇူလိုင် ၉ ၊ ၂၀၂၄ ပင်လောင်းမြို့နယ် တခါးယဉ်ရွာတွင် PNO ပြည်သူ့စစ်အတွက် ထမင်းထုပ်ပို့ပေးနေရကြောင်း ဒေသခံထံက သိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်တောင်ဘက် တခါးယဉ်ကျေးရွာတွင် ကင်းစောင်နေ့သည့် PNO ပြည်သူ့စစ်များအတွက် ဇူလိုင် ၄ ရက်မှစပြီး ထမင်း၊ဟင်း တစ်အိမ်(၂)ထုပ် ပို့ပေးနေရသည်၊၊ “အလှည့်ကျပို့ပေးရတာပေါ့ ထမင်းထုပ်ကို အိမ်တစ်အိမ်မှာစုပြီးသွားပို့ရတယ် သူကနေတဆင့်ကင်းစောင့်တဲ့လူကိုသွားပေးရတယ် “ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်၊၊…

စီးပွားရေးဆိုင်ရာဥပဒေမူကြမ်းများကို KNU စီးပွားရေးကော်မတီကဦးဆောင်ပြီး ခရိုင်အဆင့်နှင့်တိုင်ပင်ဆွေးနွေးပွဲများပြုလုပ်နေ

ခမ်းသားငေါဝ်း ဇူလိုင် ၉ ၊ ၂၀၂၄ ကရင်ပြည်နယ် ကော်သူးလေးနယ်မြေတွင် ကျင့်သုံးမည့် စီးပွားရေးဆိုင်ရာ ဥပဒေမူကြမ်းများကို KNU စီးပွား‌ရေးကော်မတီမှ ဦးဆောင်၍ ခရိုင်နှင့် ဗဟိုအဆင့်တွင် တိုင်ပင်ဆွေးနွေးပွဲများပြုလုပ်ကြောင်း KNU ဗဟိုမှ ဇူလိုင်လ (၉)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ ကေအန်ယူဗဟိုစီးပွားရေးကော်မတီမှ ဇွန်လ (၂ ) ရက်နေ့မှ (၂၈) ရက်နေ့အထိ (၅)ရက်တာ ကြီးမှူးကျင်းပသည့်…

ဘုရားဆင်းတုတော်အပြင် ငွေသိန်း ၃၄၀ နှင့် ပြည်သူပိုင်ပစ္စည်းများကို PNO ပြည်သူ့စစ်ယူဆောင်သွား

ခမ်းသားငေါဝ်း ဇူလိုင် ၉၊ ၂၀၂၄ နားခိုက်ရွာတွင် ရွာသားအိမ်ရှိ ဘုရားဆင်းတုတော် အပြင် ငွေကျပ်သိန်းပေါင်း ၃၄၀ ကျော်နှင့် ပြည်သူပိုင် ပစ္စည်းများကို PNO ပြည်သူ့စစ်က အတင်းအဓမ္မယူဆောင်သွားကြောင်း ဒေသခံများထံသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာတွင် ပြီးခဲ့သည့် ဇူလိုင် ၆ ရက်က PNO ပြည်သူ့စစ် တပ်သားများက ပြည်သူလူထုနေအိမ်ကို ဖောက်ဖျက်ပြီး ပြည်သူ့အိုးအိမ်ပိုင်ပစ္စည်းများကို…

ထီခိုးရွာဒေသခံများက စစ်ဘေးတိမ်းရှောင်နေရသောကြောင့် စိုက်ထားသည့်ပြောင်းပင်များ မပြုစုရသဖြင့် မဖြစ် ထွန်းမည်ကိုစိုးရိမ်နေရ

ခမ်းသားငေါဝ်း ဇူလိုင် ၉၊ ၂၀၂၄ ထီခိုးရွာဒေသခံများက စစ်ဘေးတိမ်းရှောင်နေရသောကြောင့် စိုက်ထားသည့်ပြောင်းပင်များ မပြုစုရသဖြင့် မဖြစ်ထွန်းမည်ကို စိုးရိမ်နေရသည်ဟု ဇူလိုင်လ(၉)ရက်နေ့တွင် ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားအင်းဒေသရှိ ထီခိုးရွာဒေသခံများသည် စစ်ဘေးတိမ်းရှောင်နေရပြီး နေအိမ်ပြန်လို့မရသည့်အတွက်ကြောင့် စိုက်ထားသည့်ပြောင်းပင်များ မပြုစုရသဖြင့် ပြောင်ပင်များမဖြစ်ထွန်းမည်ကို ဒေသခံများကစိုးရိမ်နေကြသည်။ “စိုက်ထားတဲ့ပြောင်းပင်ကအခုဆိုရင် များသောအားဖြင့် ဒူးလောက်ရှိနေကြပြီ၊ အခုကဓာတ်မြေဩဇာထည့် ဆေးဖျန်းပေးရမဲ့အချိန်ရောက်နေပြီ ဒါပေမဲ့နေအိမ်ကပြန်လို့မရတော့ ပြောင်းပင်တွေမအောင်မှာကိုလည်းကြောက်တယ်၊ ပြောင်းကအရင်းအနှီးကလည်းများတော့လေ”…

စစ်ကောင်စီတပ်စခန်း(၃)ခုကို တိုက်ခိုက်သိမ်းပိုက်ရရှိပြီး နောင်ချို၊သီပေါနှင့် မိုးကုတ်မြို့တို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်းTNLAထုတ်ပြန်

ခမ်းသားငေါဝ်း ဇူလိုင် ၉ ၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း(၃)ခုကို တိုက်ခိုက်သိမ်းပိုက်ရရှိပြီး နောင်ချို၊သီပေါနှင့် မိုးကုတ်မြို့နယ်တို့တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း TNLA က ဇူလိုင်လ (၈)ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ ယမန်နေ့ မနက်ပိုင်း (၄း၄၄)အချိန်တွင် တအောင်းတပ်မတော်TNLA၊ MDY PDFပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီ ဒုံးတပ်(၆၀၆)တပ်စခန်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇူလိုင်လ(၇)ရက်နေ့ ညနေပိုင်းတွင် တအောင်းတပ်မတော် TNLAမှ…

လွယ်မောတောင်ဒေသတွင် စစ်ကောင်စီနှင့် PNOပြည်သူ့စစ်အတွက် ဆန်နှင့်ငွေကြေးအပြင် နေစဉ် ထမင်း၊ ဟင်းထုပ်ပေးနေရ

ခမ်းသားငေါဝ်း ဇူလိုင် ၉ ၏ ၂၀၂၄ လွယ်မောတောင်ဒေသတွင် စစ်ကောင်စီနှင့် PNOပြည်သူ့စစ်အတွက် ဆန်နှင့်ငွေကြေးပေးနေရသလို နေ့စဉ် ထမင်း၊ ဟင်းထုပ်လည်းပေးနေရကြောင်း ဇူလိူင်လ ၉ ရက်နေ့တွင်ဒေသခံထံကသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် လွယ်မောတောင်ဒေသ ထမ်းယမ်၊ ထီတမ်ရွာနှင့် နားခိုက်ရွာတို့တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ငွေ၊ဆန်ကောက်ခံနေသည့်အပြင် နေ့စဉ်လည်း ထမင်း၊ ဟင်းထုပ်ပေးနေရသည်။ “ဆေးလိပ်ဖိုး၊ ဘီယာဖိုး၊…

လွိုင်ကော်အရှေ့ဘက်ခြမ်းရှိ စစ်ဘေးရှောင်စာသင်ကျောင်းတွင် ဆရာ၊ဆရာမနှင့် ကျောင်းသုံးပစ္စည်းများလိုအပ်နေ

ခမ်းသားငေါဝ်း ဇူလိုင် ၉၊ ၂၀၂၄ လွိုင်ကော်အရှေ့ကက်ခြမ်းရှိ စစ်ဘေးရှောင်စာသင်ကျောင်းတွင် ဆရာ၊ဆရာမ နှင့် ကျောင်းသုံးပစ္စည်းများလိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီနေသူတစ်ဦးထံမှသိရသည်။ ကရင်နီ(ကယား)ပြည်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းတွင် ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားသည့်စာသင်ကျောင်းတစ်ခုတွင် စာသင်ကြားပေးမည့် ဆရာ၊ဆရာမ နှင့် ကျောင်းသုံးပစ္စည်းများလိုအပ်နေသည်။ ” အဓိကကတော့ ဆရာဆရာမ နဲ့ ကျောင်းသုံးပစ္စည်းအချို့ လိုအပ်နေတယ်၊ ဒီမှာကမပြည်စုံသေးဘူး၊ လောလောဆယ် ဆရာမ ၃ ယောက်ပဲရှိသေးတယ်” လို့…

ခမ်းသားငေါဝ်းသတင်း Share သူတစ်ဦး၏ မိသားစုကို PNO ပြည်သူ့စစ်က ခေါ်ယူခြိမ်းခြောက်

ခမ်းသားငေါဝ်း ဇူလိုင် ၈၊ ၂၀၂၄ The People ‘s Voice ခမ်းသားငေါဝ်းသတင်း Share သူတစ်ဦး၏မိသားစုကို PNO ပြည်သူ့စစ်က ယနေ့မနက်တွင် ခေါ်ယူစစ်ဆေးပြီး ခြိမ်းခြောက်မှုပြုလုပ်ခဲ့ကြောင်း သတင်း Share သူကဆိုသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ မြှောက်ဖက်ကျေးရွာ တစ်ရွာတွင် The People ‘s Voice ခမ်းသားငေါဝ်းသတင်းငှာနမှ ရေးသားတင်ထားသည့် သတင်းကို…

ကန်တမ်းရွာတွင် ပိုင်ရှင်မဲ့အမျိုးသားအလောင်းတွေ့ ရှိ

ခမ်းသားငေါဝ်း ဇူလိုင် ၈၊ ၂၀၂၄ ကလော မြို့နယ် ကမ်းပါးနီအုပ်စု ကန်တမ်းရွာအရှေ့ဖက်(၁)မိုင်ခန့်အကွာ လယ်ကွက်အနီးတွင် ပိုင်ရှင်မဲ့အမျိုးသားတစ်ဦးအလောင်းတွေ့ခဲ့ကြောင်း အောင်ပန်းနာရေးကူညီမှုအသင်းထံက သိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ၊အောင် ပန်းမြို့အနီး ကမ်းပါးနီးအုပ်စုကန်တမ်းရွာအရှေ့ဖက်(၁)မိုင်အကွာ လယ်ကွက်အနီးရှိ ဇူလိုင်လ ၇ ရက်နေ့မနက်ပိုင်း ၁၀ ခွဲဝန်းကျင်အချိန်တွင် ပိုင်ရှင်မဲ့အမျိုးသားအလောင်းတွေ့ခဲ့သည် ၊၊ “ကျွန်တော်တို့သူ့နာမည်နဲ့အသက်ကမသိရသေးဘူးသူသေဝာ ၂ ရက်ဝန်းလောက်ရှိပြီထင် ဒဏ်ရာမတွေ့ရ သွေးစွန်းရုံလောက်ဘဲမျက်နှာမှာမြင်ရတယ်…

ထီးယွန်ရွာရောက် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်

ခမ်းသားငေါဝ်း ဇူလိုင် ၈၊ ၂၀၂၄ ထီးယွန်ရွာရောက် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာများ၊ မိုးကာများ အရေးပေါ်လိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်သူထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် ထီယွန်းရွာရောက် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာများနှင့် မိုးရာသီဖြစ်သည့်အတွက် အမိုးမိုးရန်မိုးကာများ အရေးပေါ်လိုအပ်လျက်ရှိသည်။ “သူတို့က ဆရာတော်ကြွတဲ့နောက်ကို လိုက်သွားတာ။အဲဖက်ရွာခံတွေတော့ တဲတွေ ဆောက်ထားပေးတယ်။ ခုတော့ဆရာတော် ဘုရားတောင်ကနေသယ်လာတဲ့ ရိက္ခာနဲ့ဖြေရှင်းနေတယ်။ စုပေါင်းချက်စားကြတယ်။ ကြာရင် စိုးရိမ်ရတယ်။…