ခမ်းသားငေါဝ်း
ဇူလိုင် ၃၀၊ ၂၀၂၄

အဖွဲ့အစည်း တံဆိတ်တုံးအတုများကို အသုံးပြုပြီးသတင်းအမှား ဖြန့်ဝေသူများကို ပြင်းထန်စွာအရေးယူမည်ဟု မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ဇူလိူင်လ၂၈ ရက်နေ့တွင် သတိပေးထုတ်ပြန်ထားသည်။

“တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများသည် နိုင်ငံတော်မှခွဲထွက်ပြီးနိုင်ငံသစ်ထူထောင်တော့မည်”ဟုခေါင်းစဥ်ဖြင့် အပါအဝင် ညံ့ဖျင်းသည့် တရုတ်ဘာသာ အရေးအသားနှင့် တိကျမှန်ကန်မှုမရှိသည့် အရေးအသားများ Photoshop များကို အသုံးပြုပြီး အဖွဲ့အစည်းများ တံဆိပ်ကို အသုံးပြုကာ သတင်းအတုဖြန့်ဝေနေသည့်အတွက် ပြင်းထန်စွာအရေးယူမည်ဟုဆိုထားသည်၊၊

တံဆိတ်တုံးအတုများ၊ အချက်အလက်အတုများဖြင့် ထုတ်ပြန်ချက် ၁၀ စောင်ထက်မနည်း ယခုရက်ပိုင်းတွင်ဆက်တိုက်ပြုလုပ်လျက်ရှိကြောင်းသိရသည်။

ယခုလိုပြုလုပ်ရခြင်းသည် တိုက်ပွဲတိုင်းအောင်နိုင်မှုရရှိနေသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ဖိအားပေးစေလိုခြင်း၊ အိမ်နီးချင်းနိုင်ငံ အားအထင်အမြင်လွဲမှားစေရန်နှင့် မင်းအောင်လှိုင်ဦးဆောင်သည့် အာဏာသိမ်းလက်နက်ကိုင်အဖွဲ့အား အသက်ရှူအနားယူခွင့်ရရှိစေရန် ရည်ရွယ်လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ရှုမြင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် MNDAA/TNLA/AA မဟာမိတ်သုံးဖွဲ့မှ မိမိတို့အဖွဲ့အစည်းများကိုထိုးနှက်တိုက်ခိုက်နေသူများအား ရှာဖွေဖော်ထုတ်ပြီး နိုင်ငံရေးအရ ပြင်းထန်စွာ အရေးယူခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် သတိပေးထုတ်ပြန်ထားသည်။

PPV009
#စစ်ရေး
#သတင်းမှားဖြန့်ဝေသူ
#မြောက်ပိုင်းညီနောင်မဟာမိတ်
#အဖွဲ့အစည်းတံဆိတ်အတု
#သတိပေး
#MNDAA
#TNLA
#AA
ဓာတ်ပုံ-Google

Leave a Reply

Your email address will not be published. Required fields are marked *