ခမ်းသားငေါဝ်း
ဇူလိုင် ၃၀ ၊ ၂၀၂၄

အမျိုးသားညီညွတ်‌ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုလက်အောက်တွင်ရှိသည့်ဖာပွန်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သည် နွေဦးကစတင်ပြီး ယခုမိုးရာသီကာလအထိ ရှမ်းတောင်စစ်ဆင်‌ရေးတွင် ပါဝင်တိုက်ခိုက်နေကြောင်း ဖာပွန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PPDF က ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ဆိုက်ခေါင်၊ ဟိုပုံး မြို့နယ်တွင်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA စစ်ရေးဦးဆောင်မှုနဲ့အတူ မဟာမိတ်တပ်တွေဖြစ်သည့် PNLA ၊ BPLA၊ KNDF၊ PDF တို့နဲ့အတူ (၃) လကျော်ကြာပြီဖြစ်သည့် စစ်ဆင်ရေးတွင် ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်ဆင်ရေး တွင် (၃) လကျော်ကာလအတွင်း စစ်ကောင်စီတပ်၊ လက်အောက်ခံ PNO ပြည်သူ့စစ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ရင်ဆိုင်တိုက်ခိုက်ခဲ့ရသည့် တိုက်ပွဲအတွင်း ဖာပွန် ပကဖ က ရဲဘော် တစ်ယောက် ကျဆုံးခဲ့ကြောင်း ဖာပွန် ပကဖ က ထုတ်ပြန်ထားသည်။

PPV0010
#စစ်ရေး
#ရှမ်းတောင်စစ်ဆင်ရေး
#ဖာပွန်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်
#အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်
#PPDF

Leave a Reply

Your email address will not be published. Required fields are marked *