ခမ်းသားငေါဝ်း
ဇူလိုင် ၃၀၊ ၂၀၂၄

ပင်လောင်းမြို့နယ်ရှိစစ်ဘေးရှောင်များ ဝမ်းပျက်၊ဝမ်းလျှောဖြစ်သူများပြားနေကြောင်း စစ်ဘေးရှောင်အရေးကူညီပေးနေသူများထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ရှိ စစ်ဘေးရှောင်များသည် ဇူလိူင်လအတွင်းတွင် ဝမ်းပျက်၊ ဝမ်းလျှော ရောဂါခံစားနေရသူ များနေကြောင်း သိရသည်။

“ခုကာလက စစ်ရှောင်တွေ ဆေးရုံဆေးခန်း သွားနိုင်ဖို့ အရမ်းခက်ခဲကြတယ်။မသွားနိုင်ကြဘူး။ဝမ်းလျှောရောဂါခံစားနေရတဲ့သူတွေ သူတို့ဘာသာသူတို့ဘဲ ဆေးမှီးတိုနဲ့ ပြန်ကုသကြရတာများတယ်”ဟု စစ်ရှောင်အရေးကူညီပေး နေသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ပင်လောင်းဖက်စစ်ရှောင်များသည် ဝမ်းလျှော၊ဝမ်းပျက်ရောဂါများအပြင် ရာသီတုပ်ကွေးကြောင့် ဖျားနာခြင်း၊ ချောင်းဆိုးခြင်းများလည်း ဖြစ်ပွားနေကြောင်း သိရသည်။

ပင်လောင်းစစ်ရှောင်များသည် ဆေးဝါးအလုံအလောက်မရခြင်း ၊ ကျန်းမာရေးစောင့်ရှောက်မှုများလည်း မရရှိကြကြောင်း သိရသည်။

ပင်လောင်းဒေသတွင် မတ်လကစတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ဘေးရှောင်သူများ နှစ်သောင်းနီးပါးခန့်ရှိကြောင်း သိရသည်၊၊

ဓာတ်ပုံ-CJ
#PPV005
#လူ့အခွင့်အရေး
#ပင်လောင်းမြို့နယ်
#ဝမ်းလျော
#ဝမ်းပျက်
#ဆေးဝါးခက်ခဲ

Leave a Reply

Your email address will not be published. Required fields are marked *