ခမ်းသားငေါဝ်း

ဇူလိုင် ၃၀၊ ၂၀၂၄

ထီယွန်းရွာရောက် စစ်ရှောင်များ တုပ်ကွေးရောဂါဖြစ်ပွားသူများနေကြောင်း စစ်ဘေးရှောင်ကူညီသူများထံမှ ဇူလိူင်လ ၃၀ ရက်နေ့တွင် သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ထီယွန်းရွာရောက် စစ်ဘေးရှောင်များသည် ဇူလိူင်လအတွင်းတွင် ရာသီတုပ်ကွေးဖြစ်ပွားသူများနေသည်။

“ဘုန်ကြီးကျောင်းတွေ နေတဲ့နေရာတွေက စုပေါင်းနေကြရတော့ အဖျားတွေကူးစက်တာ။ ကျန်းမာရေးနဲ့ပက်သက်တာ နောင်တရားနဲ့ ပင်လောင်းကဆရာဝန် လာကြည့်ပေးတာရှိပေမယ့် ဖျားတဲ့သူများနေဆဲ”ဟု စစ်ဘေးရှောင်အရေးကူညီပေးနေသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ဖျားနာသူများအတွက် ဆေးဝါးများလိုအပ်သည့်အပြင် စားနပ်ရိက္ခာများ၊ မိုးကာများလည်းလိုအပ်လျက်ရှိကြောင်း သိရသည်။

ထီးယွန်းရွာတွင် စစ်ရှောင် ၇၀၀ ဝန်းကျင်ရှိပြီး ဗန်းမောက်၊ ဆောင်းပြောင်းမှ ဒေသခံများဖြစ်ကြကြောင်း သိရသည်။

ပင်လောင်းတောင်ဖက်ပိုင်း၌ ယခုတွင်တိုက်ပွဲငြိမ်နေပြီဖြစ်သော်လည်း ရွာသားများက ရွာမပြန်နိုင်ကြသေးကြောင်း သိရသည်။

#PPV005
#လူ့အခွင့်အရေး
#ပင်လောင်းမြို့နယ်
#ထီယွန်းရွာ
#ရာသီတုပ်ကွေး
#ဆေးဝါးများလိုအပ်

Leave a Reply

Your email address will not be published. Required fields are marked *