ခမ်းသားငေါဝ်း
ဇူလိုင် ၃၀ ၊ ၂၀၂၄

ကျောက်မဲ၊ မိုးကုတ် နှင့် မိုးမိတ်မြို့ တွင်တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး တိုက်ပွဲအတွင်း စစ်သုံးပန်း ၂၀ ဦးဖမ်းမိပြီး လက်နက်ခဲယမ်း ၇၀ ကျော်သိမ်းဆည်းရမိကြောင်း TNLA က ဇူလိုင်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

မိုးကုတ်မြို့ အနောက်ပိုင်းရှိ ဖြူရောင်ကုန်းမှ ထွက်ပြေးလွတ်မြောက်သွားသည့် စစ်ကောင်စီတပ်သားများအား တအာင်းတပ်မတော် TNLA မှ လိုက်လံရှင်းလင်းရာ စစ်သုံ့ပန်း (၂၀)ဦး ဖမ်းဆီးရမိထားပြီး လက်နက်ခဲယမ်း (၂၃) လက် သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

ထို့အပြင် မိုးမိတ်မြို့တွင် လက်ကျန်စစ်ကောင်စီတပ်စခန်းများအား တအောင်း တပ်မတော် TNLA မှ လိုက်လံရှင်းလင်းရာ စစ်ကောင်စီတပ်၏ လုံခြုံရေးကုန်းမှ သေနတ်(၈)လက်၊ RPG (၁)လက်၊ ငါးကျည်းမြှီး (၁)လက်၊ ၆၀မမ ပြောင်းတို (၁)လက်၊ ၆၀မမ ပြောင်းရှည် (၁)လက်၊ ၈၁ မမ နောက်ပွင့် (၁)လက် စုစုပေါင်း (၁၃)လက် ကိုသိမ်းဆည်းရမိကြောင်းသိရသည်။

စစ်ကောင်စီထံမှ သိမ်းဆည်းရမိထားသည့် လက်နက်များမှာ MA1 (၉)လက်၊ MA2 (၂)လက်၊ MA3 (၁၅)လက်၊ MA11 (၆)လက်၊ M22 (၁)လက်၊ RPG (၁)လက်၊ ၄၅ မမ (၁)လက်၊ ၆၀မမ (၁)လက်၊ Pistol (၁)လက်အပြင် စကားပြောစက်၊ ကျည်ဆံနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း TNLA ကဆိုသည်။

PPV003
#စစ်ပွဲ
#ကျောက်မဲ
#မိုးကုတ်
#မိုးမိတ်
#စစ်သုံ့ပန်း
#လက်နက်ခဲယမ်း

Leave a Reply

Your email address will not be published. Required fields are marked *