ခမ်းသားငေါဝ်း
ဇူလိုင် ၂၉၊ ၂၀၂၄

ကျေးသီးမြို့နယ် ဝမ်စိမ်းကျေးရွာတွင် ရောက်ရှိသည့် မိဘမဲ့ကလေးအပါအဝင် စစ်ရှောင်လေးရာနီးပါးအတွက် အခြေခံစားသောက်ကုန်နှင့် စာရေးကိရိယာများအရေးပေါ်လိုအပ်နေကြောင်း ဇူလိုင် ၂၉ ရက်နေ့က စစ်ရှောင်ကူညီသူထံမှ သိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်း ကျေးသီးမြို့နယ် ဝမ်စိမ်းခရစ်ယာန်သင်တန်းကျောင်းတွင် လားရှိုးမှ မိဘမဲ့ဂေဟာက ကလေးအပါအဝင် စစ်ရှောင် ၃၈၁ ဦးရောက်ရှိလာပြီး ဆန်ဆီဆားအခြေခံစားသောက် ကုန်နှင့် ကျောင်းသုံး ပစ္စည်းများ အရေးပေါ်လိုအပ်နေသည်။

‘’အခုကာလက မိုးတွင်းလည်းဖြစ်တော့ ညပိုင်းဆိုအေးတယ်၊ အခင်းတွေ၊ စောင်တွေမလောက်တာကြောင့် တစ်ချို့စစ်ရှောင်တွေဆို တမံသလင်းပေါ် ဒီအတိုင်းအိပ်ကြရပြီး၊ တချို့ကလေးတွေ ကိုယ်ခံအားနည်းတော့ မူးလဲသွားတာရှိတယ်ဟု” ဝမ်စိမ်းနယ် ကော်မတီအဖွဲ့မှ ဆရာမ ဆာရို ကပြောသည်။

စစ်ဘေးရှောင် ၃၈၁ ဦးထဲမှ ၁၈ နှစ်အောက်ကလေးငယ် အယောက် ၂၀၀ နီးပါးပါဝင်နေပြီး စောင်၊ အဝတ်အထည်၊ ခြင်ထောင်နှင့် နေရာထိုင်ခင်းလည်း လိုအပ်သည်။

လက်ရှိတွင် အလှူရှင်မှလူထားသည့် စားသောက် ကုန်သည် ၁၀ ရက်စာအတွက်သာလုံလောက်မှုရှိသည့်အတွက် ရေရှည်ရပ်တည်နိုင်ရန်အခက်ခဲဖြစ်ကြောင်းသိရသည်။

ဝမ်စိမ်းရွာတွင် ရောက်ရှိသည့် စစ်ဘေးရှောင်များသည် တိုင်းရင်းသားပေါင်းစုံများဖြစ်ကြပြီး ရွာငယ်ဖြစ် သည့်အတွက် အလှူရှင်လည်းနည်းပါးနေကြောင်းသိရသည်။

လားရှိုး မြို့တွင် တိုက်ပွဲပြင်းထန်ပြီးနောက် ပြည်သူလူထုသိန်းချီ စစ်ဘေးတိမ်းရှောင်နေရကြောင်းသိရသည်။

photo credit

#CJ
#စစ်ရှောင်
#အကူအညီလိုအပ်
#ဝမ်စိမ်း
#ကျေးသီး
#မိဘမဲ့ကလေး
#humanright

Leave a Reply

Your email address will not be published. Required fields are marked *