ခမ်းသားငေါဝ်း
ဇူလိုင်၂၉ ၊ ၂၀၂၉

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA က ၁၀ ပါးမြောက် လက်ရှိထိုင်းဘုရင်၏ (၇၂ )နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ဆုတောင်းပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း RCSS/SSA ထုတ်ပြန်ထားသည်။

လွိုင်တိုင်းလျန်းတွင် ဇူလိုင် (၂၈) ရက် ညနေ ၅ နာရီခွဲကျော်တွင် RCSS တပ်သားနှင့်အတူ ပြည်သူလူထုတစ်ချို့နှင့် ၁၀ ပါးမြောက် ထိုင်းဘုရင်၏ (၇၂ )နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ဆုတောင်းပွဲအခမ်းအနားအား ရှမ်းပြည်ပြန်လှည်ထူထောင်ရေးကောင်စီ RCSS/SSA ဌာနချုပ်တွင် ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယခုကျရောက်သည့် ၁၀ ပါးမြောက် ထိုင်းဘုရင်၏ ( ၇၂) နှစ်ပြည့်မွေးနေ့ပွဲအား လုပ်ရသည့် အကြောင်းအရင်းက ထိုင်းဘုရင်သည် ရှမ်းလူမျိုးနှင့် လူမျိုးစုတစ်မျိုးဖြစ်ပြီး ထိုင်းဘုရင်အား ထိုင်းပြည်သူများ ယုံကြည်လေးစားရုံသာမက( ၉ )ပါးမြောက် ထိုင်းဘုရင်များ၏ တစ်ကမ္ဘာလုံးတွင် ယုံကြည်လေးစားခဲ့ရစသည့်အကြောင်း ဗိုလ်ချုပ်ကြီး ယွက်ဆစ်က အဖွင့်စကားတွင် ပြောကြားခဲ့သည်။

RCSS/SSA ၏ဌာနချုပ်သည် ရှမ်းပြည်အရှေပိုင်း ထိုင်း- မြန်မာနယ်စပ် လွိုင်တန်းလျန်တွင်အခြေစိုက်ထားပြီး RCSS နေနှင့် (၉ )ပါးမြောက် ထိုင်းဘုရင်လက်ထက်ကတည်း ယခုချိန်ထိ ထိုင်းဘုရင်၏ မွေးနေ့ ပွဲအား ကျင်းပလေ့ရှိကြောင်းသိရသည်။

PPV0010
#နိုင်ငံရေး
#ထိုင်းဘုရင်
#RCSS
#SSA
#မွေးနေ့အထိန်းအမှတ်
#လွိုင်တန်းလျန်
#ဗိုလ်ချုပ်ကြီးယွက်ဆစ်

Leave a Reply

Your email address will not be published. Required fields are marked *