ခမ်းသားငေါဝ်း

ဇူလိုင် ၂၉ ၊ ၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်း ဒေသတည်ငြိမ်ရေးနှင့် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ ပစ္စည်းများပျက်စီးဆုံးရှုံးမှု မဖြစ်စေရေးအတွက် (RCSS) အနေဖြင့် ပြည်သူလူထုနှင့် လက်တွဲပူးပေါင်း၍ ကာကွယ် စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

ရှမ်းပြည်ပြန်လှည်ထူထောင်ရေးကောင်စီ RCSS/SSA အနေနှင့် ပြည်သူလူထုကို ကာကွယ်သွားမည်ဖြစ်ပြီး ဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများကလည်း မျက်နှာချင်းဆိုင်တွေ့ဆုံဖြေရှင်း သွားကြရန် ဇူလိုင် ၂၉ ရက်နေ့ ၆ လပတ်အစည်းအဝေးပြီးထုတ်ပြန်ချက်တွင် တိုက်တွန်းပြောဆိုထားသည်။

ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများကြောင့် ရှမ်းပြည်လူထုတို့သည် အိုးအိမ် ပစ္စည်းဥစ္စာများ ပျက်စီး ဆုံးရှုံးရခြင်း၊ သေဆုံးဒဏ်ရာရခြင်း၊ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရခြင်းများ ကြုံတွေ့ရသည့်အပြင် ကလေးသူငယ်များ၊ အမျိုးသမီးများ၊ သက် ကြီး ရွယ်အိုများတို့သည်လည်း အတိဒုက္ခများ၊ အခက်အခဲများ ကြုံတွေ့နေရခြင်းတို့အပေါ် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA အနေဖြင့် စိတ်မ ကောင်းခြင်းများစွာ ဖြစ်ခဲ့ရကြောင်း ဆိုသည်။

စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူမှု နောက်ပိုင်း ၃ နှစ်ကျော် ကာလအတွင်း၌ အကျိုး ဆက်အားဖြင့် တိုင်းပြည်အနှံ့ တိုက်ပွဲများ စဉ်ဆက်မပြတ် ဖြစ်ပွားခြင်း၊ စီးပွားရေး ကျဆင်းခြင်း၊ လူ့ အခွင့်အရေးချိုးဖောက်မှု များပြားလာခြင်း၊ တရားဥပဒေစိုးမိုးမှု အားနည်းခြင်း ကြောင့် နေရာ ဒေသ အသီးသီးတွင် လူဆိုးသူခိုးဓားပြတို့ များပြားလာခြင်းတို့သည် ပြည်သူ လူထုအား လူမှုဒုက္ခအဝဝနှင့် အခက်အခဲများ ကြီးစွာ ကြုံတွေ့စေခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဆိုထားသည်။

၆ လပတ်အစည်းအဝေးတွင် ပြန်လည်ထူထောင်ရေးကောင်စီ ၊ RCSS အကြံပေးပုဂ္ဂိုလ်များ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် (CEC) များ၊ ဗဟိုဦးစီးကော်မတီဝင် (CLC) များ၊ ဗဟိုကော်မတီ ဝင် (CC) များနှင့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ် စုစုပေါင်း ၂၃၂ ဦး တက် ရောက်ခဲ့ပြီး အစည်းအဝေး တွင် ဌာနအသီးသီးက တင်ပြသည့် (၆) လတာ လုပ်ငန်းအစီရင်ခံစာ များ အပေါ် ပြန်လည်သုံးသပ် ဆွေးနွေးခြင်း၊ ရှမ်းပြည်နှင့် ပြည်ထောင်စု၏ လက်ရှိနိုင်ငံရေး၊ စစ်ရေး အခြေအနေများအား ကျယ် ပြန့်စွာ သုံးသပ်ဆွေးနွေးပြီး ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ပြီး သဘောထားထုတ်ပြန်ချက်ထုန်ပြန်ထားခြင်းဖြစ်သည်။

PPV001
#နိုင်ငံရေး
#စစ်ရေး
#RCSS/SSA
#ဒေသတည်ငြိမ်ရေး
#အသက်
#အိုးအိမ်

Leave a Reply

Your email address will not be published. Required fields are marked *

You missed