ခမ်းသားငေါဝ်း

ဇူလိုင် ၂၉၊ ၂၀၂၄

ဆီဆိုင်မြို့နယ် ထီလုံးဆူ(သူ)ရွာတွင် ထမင်းထုတ်မပို့ပေးဟုဆိုကာ ရွာသူကြီးနှင့် ကျေးရွာတာဝန်ရှိသူများအပါအဝင် ရွာသားတစ်ချို့အား PNO ပြည်သူစစ်ကဖမ်းဆီးရိုက်နက်ပြီး လာတောင်းပန်သည့်သံဃာတော်များအား ဆဲဆိုခဲ့ကြောင်းဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း လွယ်ပွတ်ကျေးရွာအုပ်စု ထီလုံးဆူ(သူ)ရွာတွင် ထမင်းထုတ်မပို့ပေးဟုဆိုကာ ရွာသူကြီးနှင့် ကျေးရွာတာဝန်ရှိသူများနှင့်ရွာသားအပါအဝင် ၇ ဦးအား PNO ပြည်သူ့စစ်အဖွဲ့ဝင် ခွန်ထွိုက်အောင်းနှင့်အဖွဲ့က ဖမ်းဆီးပြီး ခြောက်ပေါက်ထဲထည့်ကာ ရိုက်နက်ခဲ့သည့်အတွက် ပြင်းထန်စွာဒဏ်ရာများရရှိခဲ့သည်။

“ဘုန်းကြီးနဲ့ဦးဇင်းကလာတောင်းပန်းတယ် ဒီလိုမလုပ်ပါနဲ့ပေါ့နော် သူကြီးနဲ့ခေါင်ဆောင်ပေးမယ့်သူတွေက တင်ရခက်လို့ ဘယ်သူမှမလုပ်ချင်ဘူးလေ တောင်းပန်တဲ့ဦးဇင်းကိုပါဆဲတာ ဖြားလူဆိုမျတ်စိမှာသွေးပါထွက်တယ် သူတို့ရိုက်တာကျန်တဲ့သူတွေလည်း ဒဏ်ရာပြင်းထန်ကြတယ်” ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

PNO ပြည်သူ့စစ်အဖွဲ့ဝင် ခွန်ထွိုက်အောင်းနှင့်အဖွဲ့သားများက ထီလုံးဆူ(သူ)ရွာသူကြီး ခွန်နေထွဉ်၊ ရွာခေါင်းဆောင် လှဆွေ၊ ရွာဆော် မော်ထဲင်း၊ ရွာလူကြီးဖြားလူနှင့် ရွာသားနှစ်ဦးအားဖမ်းဆီးပြီး လက်တီးနှင့်ထိုး၊ ခြေထောက်နှင့်ကန်သည့်အပြင် သေနတ်ဒင်နှင့် ရိုက်နက်ခဲ့ပြီး လက်ထိပ်ခတ်ကာ ၆ ပေါက်တွင်ခြေခတ်ထားကြောင်း ရွာဘုန်းကြီးနှင့်ဦးဇင်းက လာရောက်တောင်းရာတွင် ဦးဇင်းအားဆဲဆိုခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

“ခြံကပြန်လာတဲ့သူတွေကို ဘယ်ကလဲမေးတယ် ထီလုံးဆူ(သူ)ရွာကလို့ပြောတာနဲ့ဖမ်းပစ်တာ သူကြီးနဲ့အတူခြောက်ပေါက်ထဲထည့်ပစ်တယ် ဟိုနေ့ ၂၆ ရက်နေ့တုန်းကလည်း ဆောင်းငဲင်းရွာက ခွန်တခဲကိုလည်း ဖမ်းပြီးရိုက်သေးတယ်” ဟု ၎င်းကဆက်ပြောသည်။

ဖမ်းဆီးခဲ့သည့် ထီလုံးဆူ(သူ)ရွာသူကြီး၊ ကျေးရွာတာဝန်ရှိသူများအပါအဝင် ရွာသားတို့အား ဇူလိုင် ၂၈ ရက်တွင် ဖမ်းဆီးခဲ့ရိုက်နက်ခဲ့ပြီး ထိုညတွင်ပြန်လွတ်ပေးခဲ့ကြောင်း ယနေ့မနက်တွင် ခွန်ထွိုက်အောင်းနှင့်အဖွဲ့က နေနေကျနေရာတွင်မနေတော့ဘဲ နေရာပြောင်းရွေ့ခဲ့ကြောင်း သိရသည်။

ခွန်ထွိုက်အောင်းနှင့် အဖွဲ့ PNO စစ်အဖွဲ့ဝင်များသည် ပင်ညိုးရွာအနီးတွင် ဆက်ကြေးကောက်ခံမှုများရှိခဲ့ပြီး ခရီးသွားပြည်သူများအခက်အခဲကြုံတွေ့ခဲ့ရခြင်းကြောင့် ခမ်းသားငေါဝ်းသို့ခရီးသွားပြည်သူများက အသိပေးလာခြင်းရှိခဲ့ဖူးသည်။

PPV001

#လူ့အခွင့်အရေး
#ဆီဆိုင်မြို့နယ်
#လွယ်ပွတ်ကျေးရွာအုပ်စု
#ထီလုံးဆူ
#ထီလုံးသူ
#ပင်ညိုး

Leave a Reply

Your email address will not be published. Required fields are marked *