ခမ်းသားငေါဝ်း
ဇူလိုင် ၂၉၊ ၂၀၂၄

ဆီဆိုင်မြို့တွင် မြေမြုပ်မိုင်း၊ စစ်ကျန်ပစ္စည်းများကို မည်သည့်အဖွဲ့မှ လာရောက် ရှင်းလင်းပေးခြင်းမရှိကြောင်း ဒေသခံများထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့တွင် တိုက်ပွဲပြငြိမ်ပြီးနောက် ဒေသခံများကပြန်လည် နေထိုင်ကြပြီဖြစ်ပြီး တိုက်ပွဲ ဖြစ်ပွားချိန် ကျန်ခဲ့သည့် မြေမြုပ်မိုင်း၊ စစ်ကျန်ပစ္စည်းများအား မည်သည့်အဖွဲ့မှ လာရောက်ရှင်းလင်းပေးခြင်းမရှိကြောင်း သိရသည်။

“လက်ရှိအနေအထားအရ နယ်မြေကို သူတို့က (စစ်ကောင်စီနှင့် PNO) ထိန်းချုပ်တယ်ဆိုတော့ သူတို့က တာဝန်ယူပြီး ပြန်ရှင်းလင်းသင့်တယ်။လက်နက်ကြီး၊ မိုင်းတွေကဒီမြို့ပေါ်မှမဟုတ်ဘူး ဒီတောင်သူတွေခြံထဲမှာ မပေါက်ကွဲသေးတဲ့လက်နက်ကြီးကို ခြံသွားထည်ရင်းနဲ့မှ ထွန်စက်နဲ့ ချိတ်တာ အဲလိုမျိုးတွေ မကြာခနတွေ့နေရတယ်ပေါ့နော်”ဟု ဒေသခံတစ်ဦး ကပြောသည်။

ဆီဆိုင်မြို့တွင် နေအိမ်ပြန်လာနေစဥ်အိမ်ဝိုင်းသန့်ရှင်းရေးလုပ်ရာမှ မြေမြုပ်မိုင်းနင်းမိပြီး ဒဏ်ရာရသူ ၊ သေဆုံးသူများလည်းရှိကြောင်းသိရသည်၊၊

” မိုင်းနဲ့ပက်သက်တဲ့ ပညာပေးတွေ လာပေးတာလည်းမတွေ့ရသလောက်ပါဘဲ။ အရပ်ဖက်အဖွဲ့အစည်းဆိုလို့ ကြက်ခြေနီအဖွဲ့ဘဲ ပညာပေးလာပေးတာရှိတယ် ဒါကလည်း ကျယ်ကျယ်ပြန့်ပြန့်မဟုတ်ဘူး”ဟု ၄င်းကဆက်ပြောသည်၊၊

ဆီဆိုင်မြို့တွင် မြေမြုပ်မိုင်းအပြင် မပေါက်သေးသည့်လက်နက်ကြီးများလည်းရှိနေကြောင်းသိရသည်၊၊

ဆီဆိုင်မြို့တိုက်ပွဲအတွင်း အရပ်သားနေအိမ်များစွာပျက်စီးခဲ့ပြီး နေအိမ်ပျက်စီးခဲ့ရသည့် ဒေသခံများသည် တဲထိုးပြီး ပြန်လည်နေထိုင်ကြရကြောင်း သိရသည်။

#PPV005
#လူ့အခွင့်အရေး
#ဆီဆိုင်မြို့
#မြေမြုပ်မိုင်း
#လက်နက်ကြီး
#စစ်ကျန်ပစ္စည်း
#ရှင်းလင်းပေးခြင်း