ခမ်းသားငေါဝ်း
ဇူလိုင် ၂၉၊ ၂၀၂၄

စံကားဒေသတွင် တိုက်ပွဲထပ်မံဖြစ်ပွားပြီး ဒေသခံများထပ်မံတိမ်းရှောင်ရကြောင်းဇူလိူင်လ၂၉ ရက်နေ့တွင် ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားဒေသတွင် ဇွန်လ၂၇ ရက်နေ့၌ တိုက်ပွဲပြန်လည် ဖြစ်ပွားပြီး ဒေသခံများ ထပ်မံတိမ်းရှောင်နေရသည်။

“ရေပူ အရှေ့ဖက် ၊နမ့်ပွန်ရွာနား ထီဟမ်းတား ရွာနားလင်လန်တောင်ဖက် တစ်ရက်တည်းလေးနေရာဖြစ်တယ်။”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ဒေသခံတစ်ချို့သည်လည်း နေ့ဖက်တွင် တောင်ယာခြံ စိုက်ပျိုးရေးပြန်လုပ်ကြပြီး ညဖက်တွင် ဘေးကင်းရာ ပြန်သွားအိပ်ရကြောင်း သိရသည်။

“ခုလည်း ပြန်ငြိမ်နေပြီ ရွာသားတွေတော့ ရွာမပြန်ကြသေးဘူး။စစ်ကောင်စီလက်နက်ကြီးပစ်ခတ်လာတာတွေလည်းရှိတယ်”ဟု ၄င်းကဆက်ပြောသည်။

စံကားဒေသသည် ပြီးခဲ့သည့် ဇူလိူင်လဒုတိယပတ်တွင်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက်ရွာသားတစ်သောင်းနီးပါး စစ်ဘေးရှောင်ရပြီ ဇူလိူင်လ တတိယပတ်တွင် တိုက်ပွဲပြန်ငြိမ်ပြီး ဒေသခံတစ်ချို့ကျေးရွာတွင်းပြန်လာနေထိုင်ပေမယ့် ယခုတွင် တစ်ဖန်ထပ်မံတိမ်းရှောင်ရကြောင်း သိရသည်။

#PPV005
#လူ့အခွင့်အရေး
#ညောင်ရွှေမြို့နယ်
#စံကားဒေသ
#တိုက်ပွဲထပ်မံဖြစ်ပွါး
#ထပ်မံတိမ်းရှောင်နေရ

Leave a Reply

Your email address will not be published. Required fields are marked *