ခမ်းသားငေါဝ်း
ဇူလိုင် ၂၈၊ ၂၀၂၄

လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်က ပြည်သူလူ ထုနေအိမ်ကို အကြောင်းမဲ့မီးရှို့ဖျက်ဆီးမှုကြောင့် တစ်လအတွင်း ပြည်သူလူထုနေအိမ်(၆၀) မီးလောင်ပျက်စီးသွားကြောင်း KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးထံသိရသည်။

ဇူလိုင် ၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ လွိုင်ကော်မြို့တွင်း မိုင်းလုံး၊ ရွာတန်းရှည်ရပ်ကွက်ထဲရှိ ပြည်သူလူ ထုနေအိမ် ကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့များက လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်အတွင်း စစ်ကြောင့်ဖြန့် စစ်ရေးလှုပ်ရှားခဲ့ပြီး ရပ်ကွက်တွင်း ပြည်သူလူထုနေအိမ်အဆောက်အဦးများကို ဖျက်ဆီးဝင်ရောက်၍ ပစ္စည်းများယူဆောင်ခြင်းအပြင် မီးရှို့ဖျက်ဆီးခြင်းများ နေ့စဉ်ပြုလုပ်နေကြောင်း KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးကသတင်းထုတ်ပြန်ထားသည်။

၁၁၁၁ တစ်လေးလုံး စစ်ဆင်ရေးစတင်ပြီးနောက် ယခုချိန်ထိ လွိုင်ကော်မြို့အနှံ့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုတို့ တိုက်ပွဲရပ်တန့်ခဲ့ခြင်းမရှိဘဲ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်းသိရသည်။

တိုက်ပွဲတွင်းသာမက တိုက်ပွဲငြိမ်သက်ချိန်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့များက ပြည်သူလူထု ၏နေအိမ်များကို အကြောင်းမဲ့မီးရှို့ဖျက်ဆီးမှုများနေ့စဉ်လုပ်ဆောင်လျက်ရှိကြောင်းဆိုထားသည်။

စစ်ကောင်စီက ယန္တရားများပြန်လည်ပတ်နိုင်ရေးအတွက် လွိုင်ကော်မြို့တွင် တည်ငြိမ်သယောင် ဝါဒဖြန့်ပြီး မြို့နေပြည်သူများနေရပ်ပြန်ရန်စည်းရုံးလှုံ့ဆော်ကာ လူထုအားအသုံးချအကာအကွယ်ယူရန်ကြိုးစားနေသည်ကို အထူးသတိပြုရန်လိုအပ်ပြီး ပြည်သူများအနေဖြင့် နေအိမ်ပြန်ခြင်းများမလုပ်ကြရန် သက်ဆိုင်သည့်တာဝန်ရှိသူများထံမှ မှန်ကန်သည့်သတင်းအချက်အလက်များရယူရန် စစ်ရေးသတိရှိကြရန် KNDF ကတိုက်တွန်းထားသည်။

#ppv002
#လွိုင်ကော်
#humanright
#နေအိမ်မီးရှို့ခံရ
#မိုင်းလုံး
#ရွာတန်းရှည်၊

Leave a Reply

Your email address will not be published. Required fields are marked *