ခမ်းသားငေါဝ်း
ဇူလိုင် ၂၈ ၊ ၂၀၂၄

မိုးကုတ်အကျဥ်းထောင်တွင် စစ်ကောင်စီမတရားဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသူအကျဉ်းသား ၁၄ ဦးကို လွဲပြောင်းလက်ခံရယူခဲ့ကြောင်း မိုးကုတ်ဗျူဟာအဖွဲ့က ဇူလိူင်လ၂၈ ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။

မန္တလေးတိုင်း မိုးကုတ် မြို့သိမ်းတိုက်ပွဲအတွင်း နိုင်ငံရေးအကျဉ်းသား ၁၄ ဦးကို တအာင်းတပ်မတော်- TNLA နှင့် ပူးပေါင်းတပ်က ကယ်ထုတ်နိုင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် မိုးကုတ်ဗျူဟာအဖွဲ့ကို ဇူလိူင်လ၂၇ ရက်နေ့တွင် လွဲပြောင်းပေးခဲ့ကြောင်း သိရသည်။

မိုးကုတ်မြို့ကို ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီး ဇူလိုင် ၂၄ ရက်နေ့တွင် TNLA နှင့် ပူးပါင်းတပ်များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

မိုးကုတ်တိုက်ပွဲအတွင်းတွင် စစ်ကောင်စီဖက် လက်နက်ကြီးနှင့်လေကြောင်း တိုက်ခိုက်မှုကြောင့် အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၈ ဦးနဲ့ ကလေးငယ် ၉ ဦး သေဆုံးခဲ့ပြီး ၅၉ ဦး ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။

#PPV005
#လူ့အခွင့်အရေး
#မိုးကုတ်အကျဥ်းထောင်
#မိုးကုတ်ဗျူဟာ
#TNLA
#ပူးပေါင်းတပ်ဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *