ခမ်းသားငေါဝ်း

ဇူလိုင် ၂၈ ၊ ၂၀၂၄

ချင်းပြည်နယ်၊ ဟားခါးမြို့နှင့် ထန်တလန်မြို့ကြားရှိ ထန်တလန်မြို့၏ ရှေ့တန်းအမာခံစခန်းဖြစ်သည့် အော်တိုတောင်ရှိ တပ်စခန်း(၃)ခုကိုချင်းတော်လှန်‌ရေးတပ်ကသိမ်းပိုက်နိုင်ခဲ့သည်။

အဆိုပါတပ်စခန်းသည် တပ်မ ၇၇ လက်အောက်ခံ တပ်ရင်း အထိုင်ချသည့်နေရာဖြစ်ပြီး တိုက်ခိုက်သိမ်းပိုက်မှုအတွင်း လက်နက်အများအပြားသိမ်းဆည်းရမိခဲ့သည့်အပြင် စစ်ကောင်စီဘက်မှ ၁၅ ဦး သေဆုံးကာ ၂ ဦး ကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင်‌ဟားခါး-ထန်တလန်ကြားရှိ စစ်ကောင်စီရဲ့ရှေ့တန်းအမာခံစခန်းတွကို ဇူလိုင် ၂၂ ရက်‌‌‌မှ စတင်တိုက်ခိုက်ခဲ့ရာ တစ်ပတ်အတွင်း တပ်စခန်း ၆ ခု ကိုသိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ခဲယမ်းများအပြင် စစ်သုံ့ပန်း( ၃) ဦးကို ဖမ်းဆီးရမိခဲ့ကြောင်းထုတ်ပြန်ချက်အရသိရသည်။

PPV0010
#စစ်ပွဲ
#ထန်တလန်မြို့
#ဟားခါးမြို့
#ရှေ့တန်းအမာခံစခန်း