ခမ်းသားငေါဝ်း
ဇူလိုင် ၂၇၊ ၂၀၂၄

ရှမ်းမြောက် လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာချုပ် တပ်စခန်းများကို သိမ်းပိုက်ပြီးနောက် တပ်စခန်းရှေ့ မြင်ကွင်းပုံရိပ်များကို ညီနောင်မဟာမိတ် ၃ ဖွဲ့ကဇူလိုင် ၂၆ ရက်ညက ထုတ်ပြန်လာသည်။

စစ်ကောင်စီ နှင့်စစ်တပ်လော်ဘီများက လားရှိုးမြို့ကျဆုံး​ခြင်းမရှိဟုငြင်းဆိုနေကြသော်လည်း အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တပ်စခန်းများကို သိမ်းပိုက်ပြီးနောက် အဆိုပါစခန်းတွေရှေ့က MNDAA တပ်ဖွဲ့ဝင်များပုံကို ထုတ်ပြန်ထားသည်။

MNDAA ထုတ်ပြန်သည့် သက်သေဓာတ်ပုံမှတ်တမ်းများအရ လားရှိုးမြို့တော်ခန်းမ၊ ခလရ ၄၁၊ ခမရ ၅၀၇ ၊ အင်ဂျင်နီယာတပ်ရင်း ၊ အမှတ် ၉၅၉ ဆောက်လုပ်ရေး တပ်ခွဲ၊ လားရှိုးမြို့လယ်ခေါင်၊ ရဲစခန်း၊ မူးယစ်ရဲတပ်ဖွဲ့၊ မီးသတ်ဌာန ၊ ဆေးရုံကြီး အပါအဝင် လားရှိုးမြို့လယ် နေရာအားလုံး၏ရှေ့များဖြစ်ကြသည်။

#ppv002
#ရမခ
#MNDAA
#သိမ်းပိုက်

Leave a Reply

Your email address will not be published. Required fields are marked *