ခမ်းသားငေါဝ်း
ဇူလိုင် ၂၇၊ ၂၀၂၄

သံလွင်မြစ်ရေတက်သဖြင့်ဇူလိုင် ၂၇ ရက်မနက်ပိုင်းက ဘားအံမြို့မစျေးနှင့် ရပ်ကွက်အချို့ ရေလွမ်းရေနှစ်မြှုပ် ခဲ့ကြောင်း ဒေသခံထံသိရသည်။

ကရင်ပြည်နယ် ဘားအံမြို့ရှိ ရပ်ကွက်အတွင်းနှင့် မြို့မစျေးတွင် မြစ်ရေအရမ်းတက်လာသည့်အတွက် ယနေ့မနက် ရေသိသိသာသာ တက်လာသည်။

‘’မိုးကအတော်ကြီးကိုရွာနေတာ၊ သံလွင်မြစ်ရေစိုးရိမ်ရေမှတ်အထက် ၅ ပေကျော်နေပြီအခုက မိုးရေအတက်ကြမ်းတယ်၊နာရီပိုင်းအတွင်းကို ရေကအတော်တက်လာတယ်” ဟု ဘားအံဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ရေကြီးမှုကြောင့် ရပ်ကွက်အတော်များများပြည်သူများက ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိနေကြပြီး ဘာအံမြို့ အတော်များများ ရေမြှုပ်နေပြီဖြစ်ကြောင်းသိရသည်။

ကုန်စျေးနှုန်းမြင့်လာသည့်အချိန်တွင် ရေကြီးရေလျှံဖြစ်ပြီး အလုပ်လုပ်ကိုင်၍မရသည့်အပြင် ရေဘေနှင့်ကြုံတွေ့ရသောကြောင့် ပြည်သူများအခက်ခဲကြုံတွေ့နေရကြောင်းသိရသည်။

#ppv002
#ဘာအံ
#ရေဘေး
#ကရင်ပြည်နယ်
#သံလွင်မြစ်ရေကြီး

Leave a Reply

Your email address will not be published. Required fields are marked *