ခမ်းသားငေါဝ်း
ဇူလိုင် ၂၇၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင်ဇူလိုင် (၂၅)ရက်နေ့က စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မိသားစုဝင် (၃)ဦး သေဆုံးကာ (၃)ဦး ဒဏ်ရာရကြောင်း TNLA ထံမှသိရသည်။

ထို့အပြင် လားရှိုးမြို့ ရပ်ကွက်(၇)၊ ရပ်ကွက်(၁)နှင့် ရပ်ကွက်(၁၂)တို့တွင်လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ရာ အရပ်သား(၃)ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ်တချို့ ထိခိုက်ပျက်စီးသည်ဟု သိရသည်။

တိုက်ပွဲကာလ (၁)လအတွင်း လားရှိုးမြို့တွင် စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား (၃၈)ဦး သေဆုံးပြီး (၄၈)ဦး ထိခိုက်ဒဏ်ရာရရှိသည့်အပြင် အရပ်သားနေအိမ် (၉)လုံးထက်မနည်း ပျက်စီးကာ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်း (၅)ကျောင်း ထိခိုက်ပျက်စီးသွားကြောင်းသိရသည်။

#PPV 003
#လားရှိုး
#လက်နက်ကြီး
#humanright
#ပြည်သူသေဆုံး

Leave a Reply

Your email address will not be published. Required fields are marked *