ခမ်းသားငေါဝ်း
ဇူလိုင် ၂၇၊၂၀၂၄

မိုးဗြဲရေကာတာရေဖွင့်ချမှုကြောင့် ဘီလူးချောင်းရေဆက်လက်မြင့်တက်လာ၍ ရေကြီးရေလျှံမှု ဖြစ်ပွားပြီး စစ်ဘေးရှောင် ၁၀၀၀ ခန့်ရေဘေးသင့်နေကြောင်း စစ်ဘေးရှောင်ကူညီနေသူတစ်ဦးထံမှသိရသည်။

စစ်ကောင်စီ ခမရ ၄၂၂ တပ်က မိုးဗြဲရေကာတာမှ ရေတံခါးကို ဇူလိုင်လ ၂၄ ရက်နေ့မှစတင်ဖွင့်ချခဲ့ရာ ၂၄ နာရီအတွင်းဘီလူးချောင်းရေ ၈ ပေအထိမြင့်တက်သွားပြီး ယနေ့အချိန်ထိ ရေများဖွင့်ချနေဆဲဖြစ်သည်။

”ရေကဆက်ပြီးတက်နေတုန်းပဲ၊ မိုးဗြဲမှာဆို ဘီလူးချောင်းနားကအိမ်တွေ မြုပ်နေပြီ၊ မိုးဗြဲနားတစ်ဝှိုက်က လယ်ထဲစစ်ဘေးရှောင်နေတဲ့လူတွေလည်း အရေးပေါ် ရွေ့ပြောင်းနေရတယ်၊ စစ်ရှောင်နေပါတယ်ဆို ရေဘေးထပ်သင့်တော့ အရမ်းဒုက္ခရောက်ကြတယ်” လို့ စစ်ဘေးရှောင်ကူညီနေသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

မိုးဗြဲတစ်ဝိုက် လယ်ထဲရှိ စစ်ရှောင်တဲများ၊ ငါးကန်များ နှင့် စပါးခင်းများအားလုံးရေမြုပ်သွားပြီဖြစ်ကြောင်း၊ စစ်ရှောင်များကို ပီကင်းကောခူ နှင့် ဝါရီကောခူကျေးရွာဘက်သို့ အရေးပေါ်ရွေ့ပြောင်း ပေးနေကြောင်း ၎င်း ကဆက်ပြောသည်။

ယခုတွင် မိုးဗြဲအင်း၊ ဖာလိုင်အင်း၊ ဘုရားနီကျေးရွာ ဖောင်းတောကျေးရွာ မှင့် ဘုရားဖြူကျေးရွာတို့တွင် ရေကြီးမှုများဖြစ်ပေါ်နေပြီး စစ်ဘေးရှောင် ၁၀၀၀ ခန့်ရွှေ့ပြောင်းနေထိုင်ရကြောင်းသိရသည်။

#PPV 003
#မိုးဗွဲရကောတာ
#ရေဖွင့်ချ
#ရေဘေးသင့်
#humanright

Leave a Reply

Your email address will not be published. Required fields are marked *