ခမ်းသားငေါဝ်း
ဇူလိုင် ၂၆၊ ၂၀၂၄

မိုးဗြဲမြို့အခြေစိုက် စစ်ကောင်စီ ခမရ (၄၂၂) တပ် သည် ဇူလိုင်လ ၂၅ ရက်နေ့ နံနက်အစောပိုင်းက မိုးဗြဲရေကာတာ ရေတံခါးကို ဖွင့်ချမှုကြောင့် ၂၄ နာရီအတွင်း ဘီလူးချောင်းရေ ၈ ပေ အထိ မြင့်တက် ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က ထုတ်ပြန်ထားသည်။

လတ်တလော ရေမြင့်တက်လာမှုကြောင့် မိုးဗြဲအင်း ၊ ဖာလိုင်အင်း ၊ ဘုရားနီကျေးရွာ ၊ ဖောင်းတောကျေးရွာ ၊ ဘုရားဖြူ စသော ကျေးရွာတွင် ရေကြီးမှုများဖြစ်နေကြောင်းသိရသည်။

ရေလွတ်ခြင်းအကျိုးဆက်အနေဖြင့် မိုးဗြဲမို့အတွင်းရှိရပ်ကွက်အချို့နှင့် လယ်ကွက်ထဲတွင်စစ်ဘေးရှောင်ရင်း လယ်ယာလုပ်ကိုင်စားသောက်နေကြသည့် စစ်ဘေးရှောင်အချို့ ၏ လယ်ယာ၊ တဲ၊ ငါးကန်များ နှစ်မြုပ်သွားခဲ့ပြီး စစ်ဘေးရှောင်ထောင်ချီ ဘေးလွတ်ရာသို့ ရွေ့ပြောင်းနေရကြောင်းသိရသည်။

စစ်ကောင်စီအနေဖြင့် နွေရာသီတွင်ရေမလွတ်ပဲ မိုးရာသီမှ အဆင်ခြင်မဲ့ရေလွတ်ခြင်းဖြစ်ပြီး လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်နေကြသည့်ဒေသခံတောင်သူ လယ်သမားများနှင့် ပြည်သူများ ဒုက္ခရောက်စေရန် တမင်လုပ်ဆောင်ခြင်းဖြစ်ကြောင်း IEC ကသုံးသပ်ထားသည်။

ဇူလိုင်လ ၂၅ ရက်နေ့မှစပြီး နောက် ၃ ရက်အတွင်း ရေ ထပ်မံမြှင့်တက်လာနိုင်ခြင်းကြောင့် လွိုင်ကော်မြို့နှင့်အနီးတစ်ဝိုက် ဘီလူးချောင်း၏ ဘေးဝဲယာတစ်လျှောက် အနိမ့်ပိုင်းနေထိုင်သည့် မိဘပြည်သူ များ သတိပြုကြရန်နှင့် လိုအပ်ပါကဘေးလွတ်ရာကို ရွေ့ပြောင်းနိုင်ရန် IEC ကအသိပေးထားသည်။

အရေးပေါ်အကူအညီအတွက် ပြည်ထဲရေးဌာန – အရေးပေါ် ကူညီကယ်ဆယ်ရေးဌာနခွဲ နှင့် လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာနတို့၏ စင်ကနယ် ဖုန်းနံပါတ်တွေ ဖြစ်တဲ့ +66 951 901 790 ၊ +66 955 751 317 ကို ဆက်သွယ်နိုင်ပါကြောင်း IEC က ထုတ်ပြန်ထားပါသည်။

photo crd( Htut Khaung)

#PPV 003
#မိုးဗွဲရကောတာ
#သဘာဝဘေး
#IEC
#ပြည်သူထိခိုက်

You missed