ခမ်းသားငေါဝ်း

ဇူလိုင် ၂၅၊ ၂၀၂၄

မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်း ၃၀ ကျော်နှင့် လက်နက်မျိုးစုံ ၂၀၀ ကျော်သိမ်းပိုက်ရှိခဲ့ကြောင်း PSLF/ TNlA က ယနေ့တွင် သတင်းထုတ်ပြန်လိုက်ပါသည်။

မိုးကုတ်မြို့နယ်ရှိ တပ်စခန်းများကို တအာင်းတပ်မတော် TNLA က ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) အား ဇွန်လ ၂၅ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ ၂၄ ရက်နေ့တွင် စစ်ကောင်စီလပခ၊ခလရ(၇၈၊၈၈၊၁၄၈)ဗျူဟာမှူးကြီး အခြေချ ကွပ်ကဲနေသည့် တပ်စခန်းအားလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့အတူမိုးကုတ်အနောက်ပိုင်းရှိ စစ်ကောင်စီတပ်စန်းများဖြစ်ကြသည့် ရွှေမျက်၀န်း၊ အေးစေတီးကုန်း၊ အာကာမိုး၊ ဒေါ်နန်းကြည်တောင်၊ ဗျူဟာကုန်း၊ ရွှေသာယာ၊ ပန်းသပြေ၊ ဖြူရောင်ကုန်း တပ်စခန်းများကို ဇွန်လ ၃၀ ရက်နေ့တွင် ရှင်းလင်းသိမ်းပိုက်ခဲ့ပြီးနောက် မိုးကုတ်အရှေ့ပိုင်းကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာတွင် မန်တိုင် ၅ တပ်၊ ငရမ်းအင်စခန်း၊ ရေကန်တောင်စခန်း၊ တာ၀ါတိုင်စခန်း၊ ပတ္တမြားစေတီစခန်း၊ ပန်းမထိပ်ရွာ၊ အကျဉ်းထောင်နှင့် ရဲစခန်း အပါအဝင် အစိုးရဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲကာလအတွင်းတွင် စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ အတွဲလိုက်ပစ်ဒုံး လက်နက်ကြီးအပါအဝင်၊ လက်နက်မျိုးစုံ (၇၃) လက်၊ ၁၂၀ MM (၂) လက်၊ ၆၀ MM (၁၁) လက်၊ ၈၁ MM (၁) လက်၊ ငဂျင်းမီး ( ၃) လက်၊ ပွိုင့်ဖိုက် (၁) လက်၊ RPG (၂) လက်၊ ဂျမ်းပါ ( ၁) စုံ၊ အတွဲလိုက်ဒုံး( ၄လုံးတွဲ)ပစ်အမြောက် (၁) လက်၊ မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်သုံးဆောင်ပစည်းများ အပါ အဝင် လက်နက်မျိုးစုံ ၂၀၀ ကျော် သိမ်းဆည်းရရှိခဲ့ပြီး စစ်သုံးပန့် ၃၀ ကျော်ကို ဖမ်းဆီးရရှိခဲ့သည်။

စစ်ကောင်စီ မိုးကုတ်တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA နှင့် ပူးပေါင်းတပ်ဖွဲ့မှတိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီ၏ အရပ်ဖက် ဦးတည်တိုက်ခိုက်မှုကြောင့် မိုးကုတ်ဒေသခံ ကျား ၁၄ ဦး၊ မ ၈ ဦး၊ ကလေး ၉ ဦး သေဆုံးခဲ့ပြီး၊ ၅၉ ဦီး ဒဏ်ရာရ၊ ဘုန်းကြီးကျောင်း ၄ ကျောင်း လေယာဥ်ဗုံးစ ထိမှန်ပျက်ဆီးခြင်း နှင့် လူနေအိမ် ၂၉ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

#PPV008
#စစ်ရေး
#မိုးကုတ်မြို့
#စစ်သုံ့ပန်း
#လက်နက်ခဲယမ်း
#စစ်အသုံးဆောင်ပစ္စည်းများ

Leave a Reply

Your email address will not be published. Required fields are marked *