ခမ်းသားငေါဝ်း
ဇယလိုင် ၂၅၊ ၂၀၂၄

ဖာမွန်းပန်းခြံတွင် ရောက်ရှိလာသည့် လားရိူးမှ မိဘမဲ့ကလေးများအတွက် စားဝတ်နေရေးနှင့် ကျန်းမာရေးစောင့်ရှောက်ရန် အကူအညီလိုအပ်နေ ကြောင်း ဇူလိုင်လ၂၅ ရက်နေ့တွင် သိရသည်၊၊

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှ တောင်ကြီးမြို့ ဖာမွန်းပန်း ခြံတွင် စစ်ဘေးရှောင်လာသည့်လားရှိုးမှမိဘမဲ့ကလေးများအတွက် စားဝတ်နေရေးနှင့် ကျန်းမာရေးစောင်ရှောက်ရန် အကူအညီလိုအပ်နေ သည်၊၊

“အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ပြေးလာရတော့ အဝတ်အစားနဲ့ အဓိကကုန် ကြမ်းဖြစ်တဲ့ ဆန်၊ ဆီ၊ဆားလိုအပ်တယ်ပေါ့နော် အဆောင်ကခန်းမတစ်ခုထဲအားလုံးတူတူနေကျရတော့ ကြပ်တယ်”ဟု စစ်ဘေေးရှောင်လာသည့် မိဘမဲ့ကလေးများ၏ အုပ်ထိန်းသူက ပြောသည်၊၊

ကလေးများကိုလည်းကျောင်းပို့ရမည်ဖြစ်သည့်အတွက် ရေရှည်တွင်အဆင်မပြေသောကြောင့် လက်ရှိတွင်နေထိုင်ရန်အတွက် တိုးချဲ့ပြင်ဆင်နေကြာင်းသိရသည်၊၊

“ကျွန်မကပျဥ်တွေနဲ့ထပ်လုပ်ထားတော့ ပျဥ်သား၊ သွပ်မိုးနဲ့သွပ်ကာလိုအပ်တယ် မိုးကာခါကျတော့ မိုးရာသီဆိုတော့လေ လေတိုက်ရင်ပါသွားတတ်မှာစိုးရတယ်ပေါ့နော်”ဟု ၄င်းကဆက်ပြောသည်၊၊

ဖာမွန်းပန်းခြံပိုင်ရှင်နှင့်အုပ်ချုပ်ရေးမှူးက စိတ်ထားဖြူစင်စွာနှင့်နေထိုင်ခွင့်ပြုထား ကြောင်းသိရသည်၊၊

လားရှိုးတွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် စစ်ဘေးရှောင်ရခြင်းပြီး ယနေ့မနက်ပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းနှင့် လာရောက်ပစ်ခတ်ခြင်းများရှိသလို လက်နက်ကြီးပစ်ခတ်တာတွေရှိနေပြီး ရပ်ကွက် (၂) ထဲ ကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရသည်၊၊

PPV009
#လူ့အခွင့်အရေး
#တောင်ကြီးမြို့
#ဖာမွန်းပန်းခြံ
#မိဘမဲ့ကလေးငယ်များ

Leave a Reply

Your email address will not be published. Required fields are marked *