ခမ်းသားငေါဝ်း
ဇူလိုင် ၂၅၊ ၂၀၂၄

မြဝတီမြို့သို့သွားသည့်လမ်း နောင်ခွီးတံတားအားရေတိုက်စားခြင်းကြောင့် ဒီနေ့ ဇူလိုင် (၂၅)ရက်နေ့တွင် ပြိုကျပျက်စီးသွားပြီး ခရီးသွားများ သွားလာရန်အခက်ခဲရှိနေကြောင်း သိရသည်။

ကရင်ပြည်နယ် မြဝတီသို့သွားသည့်လမ်း နောင်ခွီးတံတားပျက်စီးသွားခြင်းကြောင့် ဘားအံ-ထီလုံ-သရက်တော-နဘူး-ထို့ကော်ကိုး-မြဝတီသို့သွားလာနိုင်ခြင်းမရှိတော့ကြောင်း သိရသည်။

“ရေကြီးနေတော့ တံတားလည်း မခံနိုင်ဘဲ ပြိုကျတယ်တာထင်တယ်၊ ဘားအံ-ကျုံဒိုး-နဘူး-ထို့ကော်ကိုးဘက်‌တော့ ရအုန်းမယ်ထင်တယ်၊ မေးမြန်းပြီးတော့ သွားကြပါ”ဟု ကားသမားတစ်ဦးကပြောသည်။

အဆိုပါ တံတားသည် အမှတ်(၂/၃၃) နောင်ခွီးတံတားဖြစ်ပြီး ပြိုကျပျက်ဆီးသွားခြင်းကြောင့် ထိုင်းဘက်မှ အဝင်ပစ္စည်းများ ပြည်တွင်းသို့ ရောက်ရှိရန် အခက်အခဲဖြစ်နေသည်ဟု ကုန်သည်တချို့က ပြောသည်။

မြဝတီမြို့သို့ သွားလိုပါက ဘားအံ-ကျုံဒိုး-ကော့ကရိတ်-လမ်းဟောင်း-ဝေ့ရှမ်း-မဲ့ပလဲ-မြဝတီသွားနိုင်သည်ဟုလည်း သိရသည်။

နောင်ခွီးတံတားပြုပြင်ပြီးမှသာ ယင်းလမ်းပိုင်းမှ မော်တော်ယာဉ်များဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကာ အခြေအနေအသေးစိတ်ကို ထပ်မံစုံစမ်းနေဆဲဖြစ်သည်။

PPV0010
#သဘာဝဘေး
#ကရင်ပြည်နယ်
#မြဝတီသို့သွားသည့်လမ်း
#နောင်ခွီးတံတား
#ရေတိုက်စား

Leave a Reply

Your email address will not be published. Required fields are marked *