ခမ်းသားငေါဝ်း
ဇူလိုင် ၂၅ ၊ ၂၀၂၄

PNO ပြည်သူ့စစ်ကအောက်လက်ငယ်သားများကို ရှေ့တန်းတက်ခိုင်းပြီး အကြီးပိုင်းများက နောက်တန်းတွင် ဖဲရိုက်၊ ဘီယာ၊ အရက်သောက်ပြီးပျော်ပွဲလုပ်နေကြကြောင်း မျတ်မြင်တွေ့သူ ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်း၊ ဆီဆိုင်၊ညောင်ရွှေ မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားချိန်၌ PNO ပြည်သူ့စစ်က ရှေ့တန်းကိုလက်အောက်ငယ်သားများအားပို့ပြီး အကြီးပိုင်းများက နောက်တန်းတွင် ဖဲရိုက်၊ ဘီယာ၊ အရက်သောက်ပြီးပျော်ပွဲလုပ်နေကြသည်။

“အငယ်ကလူတွေ ၁၅ ရက်သင်တန်းသမားတွေကိုရှေ့တန်းတွေတက်ခိုင်းပြီး အကြီးပိုင်တွေက အိမ်မှာနေပြီး ဖဲတွေရိုက် သောက်လို့စားလို့ကောင်းနေတာဘဲ။ အဲလိုမြင်တော့ ရှေ့တန်းတက်ရတဲ့လူတွေအတွက် စိတ်မကောင်းဘူးပေါ့လေ “ဟု မျက်မြင်တွေ့သူ ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

PNOထိန်းချုပ်ရာနယ်မြေဖြစ်သည့် ပင်လောင်း၊ဟိုပုံး၊ဆီဆိုင်မြို့နယ်တို့ ယခုနှစ်တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက် PNO ပြည်သူ့စစ်လည်း ဒေသခံများကို စစ်သင်တန်းပေးပြီးနောက် ရှေ့တန်းသို့ ပို့ခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသခံများကို ပင်လောင်း၊ဟိုပုံး၊ညောင်ရွှေဆီဆိုင်မြို့နယ် ရှေ့တန်းအပြင် ကယားပြည်နယ်နှင့် ရှမ်းမြှောက်ဖက်များသို့ စစ်ကောင်စီနှင့်ရေားပြီး PNO ပြည်သူ့စစ်ကရှေ့တန်းပို့ခဲ့ကြောင်းသိရသည်။

#PPV005
#လူ့အခွင့်အရေး
#ဆီဆိုင်
#ပင်လောင်း
#ဟိုပုံး
#ဖဲရိုက်
#ဘီယာ၊

Leave a Reply

Your email address will not be published. Required fields are marked *