ခမ်းသားငေါဝ်း
ဇူလိုင် ၂၅ ၊ ၂၀၂၄

လားရှိုးမြို့အခြေစိုက် စစ်ကောင်စီ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ)ကို MNDAAက သိမ်းပိုက်နိုင်ခဲ့ကြောင်းကြေငြာထားသော်လည်း စစ်ကောင်စီက ယင်းသတင်းသည် မှန်ကန်မှုမရှိကြောင်း ငြင်းဆိုထားကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ အရှေ့မြောက်စစ်ဒေသ ဌာနချုပ်ကို ဇူလိုင်လ ၂၅ ရက်နေ့ မနက်ပိုင်း ၄ နာရီအချိန်တွင် အပြီးသတ်သိမ်းပိုက်ရရှိကြောင်း ကိုးကန့်တပ်က ကြေငြာထားသော်လည်း ၎င်းသတင်းက မှန်ကန်မှုမရှိကြောင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

လားရှိုးမြို့သည် လွတ်မြောက်နယ်မြေဖြစ်သွားကြောင်းနှင့် လွတ်မြောက်ရေးတော်လှန်‌ရေးလှုပ်ရှားမှုသည် သမိုင်းဝင် အောင်ပွဲတစ်ခုဖြစ်ကြောင်း ကိုးကန့်တပ်က ထုတ်ပြန်ထားပြီးနောက်တွင် မြို့တွင်းနှင့် မြို့စောင့်တပ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်းလည်း သိရသည်။

ခုလက်ရှိတွင်လည်း လားရှို့မြို့တွင်းတွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ထိခိုက်ပျက်စီးမှု အသေးစိတ်ကို မသိရသေးကြောင်းလည်း စုံစမ်းသိရှိရသည်။

#PPV008
#တိုက်ပွဲ
#လားရှိူးမြို့
#ရမခ

Leave a Reply

Your email address will not be published. Required fields are marked *