ခမ်းသားငေါဝ်း
ဇူလိုင် ၂၄၊ ၂၀၂၄

မိုးကုတ်မြို့ရှိ စစ်ကောင်စီတပ်စခန်း အားလုံးတို့ကို တအာင်းတပ်မတော် TNLA နှင့်ပူးပေါင်းတပ်တို့ က ယနေ့ ညနေ (၅း၀၀) နာရီအချိန်တွင် ရှင်းလင်းချေမှုန်း သိမ်းပိုက်နိုင်ခဲ့ကြောင်း TNLA ကထုတ်ပြန်လိုက်သည်။

မိုးကုတ်မြို့အရှေ့ပိုင်းအတွင်းရှိ စစ်ကောင်စီတပ်နှင့် ဖြူရောင်၊ညောက်ကုန်းရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်တို့ မိုးကုတ်မြို့မှ ထွက်ပြေးသွားပြီဖြစ်ကြောင်း ရွှေဖီမြေ သတင်းဌာန ဖော်ပြချက်အရသိရသည်။

မိုးကုတ်မြို့ အနောက်ပိုင်းကို ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့က TNLA နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ တွင် မိုးကုတ်မြို့ကို TNLA နဲ့ ပူးပေါင်းတပ်များက ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်ကစပြီး စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မိုးကုတ်မြို့သည် မန္တလေးတိုင်းအတွင်းရှိ တအာင်းတပ်မတော် TNLA က ပထမဆုံး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့်မြို့ ဖြစ်လာသည်။

ထို့အပြင်မိုးမိတ်မြို့နယ်အတွင်း စစ်ကောင်စီလက်ကျန်တပ်စခန်းတစ်ခုဖြစ်သည့်မိုးမိတ်ဗျူဟာကုန်းကိုလည်း ယနေ့နေ့လည် ၁၂ နာရီအချိန်က TNLA တိုက်ခိုက် ခဲ့ကြောင်းပြောဆိုထားသည်။

photo TNLA

#ppv002
#PSLF/TNLA
#တိုက်ပွဲ
#မိုးကုတ်
#သိမ်းပိုက်နိုင်ခဲ့

Leave a Reply

Your email address will not be published. Required fields are marked *