ခမ်းသားငေါဝ်း
ဇူလိုင် ၂၄ ၊ ၂၀၂၄

ဆီဆိုင်မြို့ ဘုရားဖြူကျေးရွာတွင် PNO ပြည်သူ့စစ်က ကျေးရွာလှုံခြုံရေးအတွက်ဟုဆိုကာ ငွေကျပ်သိန်းဆယ်ချီကောက်ခံမှုရှိနေကြောင်း ဒေသခံတစ်ဦးပြောပြချက်အရ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဘုရားဖြူကျေးရွာတွင် PNO ပြည်သူ့စစ်က အစည်းအဝေးခေါ်ပြီး အမျိုးသားများရှိသည့်အိမ် နိုင်ငံခြားတွင်အလုပ်သွားလုပ်သူရှိသည့်အိမ်ဆိုလျှင် ၁၀ သိန်း၊ အမျိုးသားအသက်ရွယ်လွန်ပြီး သမီးများသာရှိသည့် အိမ်များကို ၅ သိန်း၊တစ်ဦးတည်နေထိုင်သည့်အမျိုးသမီးအိမ် မုဆိုးမ၊တစ်ခုလပ်၊ အပျိုကြီး အိမ်များကို ၃ သိန်းကျပ်ဖြင့်ကောက်ခံခဲ့သည်၊၊

“အရင်တုန်းကခုလို ဆက်ကြေးတော့မဟုတ်ဘူး ရွာမှာအလှူတစ်ခုခုလုပ်ရင် နိုင်ငံခြားမှာအလုပ်လုပ်တဲ့သူကပိုထည့်ရတယ် ခုလည်းတစ်ချို့ထိုင်းသွားတဲ့သူတွေ မိသားစုစားဝတ်နေရေးအပြင် ဘတ်လုပ်ဖို့ကလည်းစုရ အလိမ်ခံရတာနဲ့ ခုသူတို့ကိုလည်း ထပ်ထည့်ပေးရမယ်ဆိုတော့ အခက်ခဲအရမ်းများတယ် သူတို့တောင်းတောင်းနေတဲ့ နိုင်ငံခြားကလူ နိုင်ငံခြားကလူက ဘယ်လိုနေထိုင်ရလဲ ဘယ်လိုခက်ခဲလဲဆိုတာ သိစေချင်တယ်”ဟု နိုင်ငံခြားတွင် အလုပ်လုပ်ပြီး ငွေထည့်ရသည့် ဒေသခံအမျိုးသမီးတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

အစည်းဝေးသာလာလုပ်တာ သူတို့ရဲ့အစဥ်ကဘာတွေလဲ လာချပြခြင်းသာဖြစ်ပြီး ပြည်သူများ၏ အခက်အခဲနှင့် အဆင်ပြေမပြေတင်ပြခွင့်မရှိသည့်အတွက် အစည်းဝေးဟု သတ်မှတ်လို့မရကြောင်း ရှိသည့် ရွာသူကြီးနှင့်ပြည်သူများကလည်း ကြောက်နေရသည့်အခြေအနေကြောင့် ပြန်လှန်ပြောရဲ့သည့်သူမရှိကြောင်းသိရသည်၊၊

“တစ်ချို့က ၁၀ သိန်းမထည့်ပဲအခုအခြေအနေလည်းနည်းနည် ငြိမ်နေတော့စစ်သင်တန်းတက်လိုက်တယ် နောက်နှစ်အခြေနေမကောင်းရင်တော့ ၁၀ သိန်းထည့်မယ်ပေါ့ အာ့လိုလုပ်တဲ့အိမ်လည်းရှိတယ်”ဟု ၄င်းကဆက်ပြောသည်၊၊

ထိုပမာဏသည် တစ်နှစ်ပမာဏဖြစ်ပြီး ၁၀ သိန်းထည့်ရမည့်သူက နှစ်ကြိမ်ခွဲထည့်လို့ရကြောင်း သီတင်းကျွတ်တစ်ခါ နှစ်ကုန်ရင်တစ်ခါ အပြီးထည့်ရမည်ဖြစ်ပြီး နောက်နှစ်တွေလည်းစစ်ပွဲဖြစ်ရင် ဆက်ကြေးက ထပ်ထပ်ပေးရမည့်အခြေအနေဖြစ်ကြောင်း သိရသည်၊၊

ဆီဆိုင်မြို့နှင့်အနီးတဝိုက်တွင် လက်ရှိအချိန်၌ တိုက်ပွဲငြိမ်နေလျှက်ရှိပြီး စစ်ဘေးရှောင်နေသည့်ပြည်သူများ နေအိမ်သို့ပြန်လာနေခြင်းများလည်းရှိသလို ကျေးရွာများတွင် စစ်မှုထမ်းရန်ဆင့်ခေါ်ခြင်းများနှင့် ဆက်ကြေးကောက်ခံမှုရှိနေကြောင်းသိရသည်၊၊

#PPV005
#လူအခွင့်အရေး
#ဆီဆိုင်မြို့ဘုရားဖြူရွာ
#ဆက်ကြေးကောက်ခံ
#ကျေးရွာလှုံခြုံရေး

Leave a Reply

Your email address will not be published. Required fields are marked *