ခမ်းသားငေါဝ်း
ဇူလိုင် ၂၄၊ ၂၀၂၄
ကျောက်မဲမြို့နှင့်မိုးကုတ်မြို့တွင် စစ်ကောင်စီ၏စစ်သုံ့ပန်း ၄၀ ဦးနှင့်အလောင်း ၅၀ ကျော်ရရှိထားကြောင်း ဇူလိုင် ၂၃ ရက်နေ့တွင် TNLA ကထုတ် ပြန်ထားသည်၊၊
ရှမ်းပြည်နယ်မြောက်ပိုင်း တအောင်းဒေသ ကျောက်မဲမြို့နယ်နှင့် မိုးကုတ်မြို့နယ်တွင် တအောင်းအမျိုးသား လွတ် မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတို့တိုက်ပွဲ ဖြစ်ပွားရာတွင် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများအား သိမ်းဆည်းရခြင်းနှင့် ရန်သူအလောင်း(၅၄)လောင်းအပါအဝင် စစ်သုံ့ပန်း(၄၀)ဦးပါဖမ်းဆီးရမိထားႏကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်၊၊
ဇူလိုင်လ(၂၀)ရက်နေ့အတွင်း တအောင်းတပ်မတော်TNLA/PDF (ကျောက်မဲခရိုင်)ပူးပေါင်းတပ်ဖွဲ့နှင့်စစ်ကောင်စီတပ်မတော်(၁၁)လက်အောက်ခံခလရ၂၀၂/၂၀၃တို့တိုက်ပွဲ ဖြစ်ပွားရာတွင် စစ်ကောင်စီတပ်ရှိသည့် ဘုန်း ကြီးကျောင်း/အေးရှားဝေါတိုးဂိတ်အား တိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်ကောင်စီ၏လက်နက်??1(၂၆)/??3(၁၆)လက်/??4(၄)လက်/??11(၁၂)/လက်/??2(၁၀)လက် ကျဥ်းမီး(၁)လက်/45??(၂)လက်/20??(၁)လက်နှင့်စစ်အသုံးအဆောင်ပစ္စည်း(၈၅)လက်သိမ်းဆည်းရ ခြင်းနှင့် ရန်သူအလောင်းအပါအဝင်စစ်သုံ့ပန်းတိုပါဖမ်းဆီးရမိ ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်၊၊
မိုး ကုတ်မြို့နယ် တပ်မဟာ(၂)နယ်မြေရှိ ရတနာကြေးမုံကျောင်းနှင့် ကုလားကျောင်းတွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်အား တအောင်းတပ်မတော်TNLA/PDF(ပကဖ)ပူးပေါင်းတပ်ဖွဲ့တို့ထိုးစစ်ဆင်တိုက်ခိုက်ရာ နှစ်ဖက်စလုံးတိုက်ပွဲ ဖြစ်ပွား လျက်ရှိကြောင်း ထုတ်ပြန်ထားပါသည်၊၊
ထို့အပြင် မိုးကုတ်မြို့အရှေ့ပိုင်းရဲစခန်းတွင် တအာင်းတပ်မတော်TNLA နှင့် PDF (မိုးကုတ်ဗျုဟာ)ပူးပေါင်းတပ်ဖွဲ့နှင့်စစ်ကောင်စီတပ်အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံခလရ(၇၁/၈၈)တို့သည် ယမန်နေ့နေ့လယ် ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် တိုက်ပွဲဖြစ်ပွား ခြင်းနှင့် မိုးကုတ် မြို့ ဇူလိုင်လ၂၃) ရက်နေ့ ၄ နာရီ ၃၀ မိနစ်အချိန်တွင်ချမ်းသာရွာကြီးရွာတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ထံမှ သေနတ်(၁)လက်နှင့်စစ်သုံ့ပန်း(၁၉)ဦးဖမ်းဆီးရ ခြင်းနှင့်မစိုးရိမ်ကျောင်းတိုက်တွင်လည်း စစ်ကောင်စီထံမှ သေနတ်(၁၆)လက် ၊ RPG(၁)လက်၊ ၆၀မမ(၁၆)လောင်းဖမ်းဆီး သိမ်း ဆည်းရ ကြောင်း ထုတ် ပြန်ချက်တွင်ပါရှိသည်၊၊
PPV009
#စစ်ပွဲ
#ကျောက်မဲ
#မိုးကုတ်
#TNLA
#စစ်သုံ့ပန်း