ခမ်းသားငေါဝ်း
ဇူလိုင် ၂၀၊ ၂၀၂၅
၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) တွင် (TNLA)၊ MDY-PDF တို့နှင့်အတူ နောင်ချိုတိုက်ပွဲတွင်ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း ပါဝင်တိုက်ခိုက်ခဲ့သည့်ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA) ရဲဘော်များ၏ မှတ်တမ်းဓာတ်ပုံများကို DPLA ကယနေ့ထုတ်ပြန်လာသည်။
DPLA သည်ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့က နောင်ချိုမြို့နယ်အတွင်း ကန့်ကော်၊ ရဲစခန်း၊ ဆေးရုံ၊ ရွှေညောင်ပင်နှင့် ကျောက်ကြမ်းစခန်း တိုက်ပွဲများ၊ စစ်ကောင်စီ၏ ၆၀၆ အမြောက်တပ်ရင်းစခန်းသိမ်း တိုက်ပွဲများတွင် TNLA၊ MDY-PDF တို့နှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
နောင်ချိုမြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းများကို မဟာမိတ်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လက်ရှိတွင် နောင်ချိုမြို့ကို မဟာမိတ်ပူးပေါင်းအဖွဲ့များက ထိန်းချုပ်ထားသည်။
ထို့အပြင် DPLA သည် ၁၀၂၇ စစ်ဆင်ရေးတွင် ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲနှင့်သီပေါမြို့နယ်ရှိ စစ်ကောင်စီစခန်းသိမ်းပွဲများတွင်လည်း မဟာမိတ်အဖွဲ့တွေနှင့်အတူ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
#ppv002
#DPLA
#နောင်ချို
#အမြောက်တပ်ရင်း
#ရှမ်းမြောက်