ခမ်းသားငေါဝ်း
ဇူလိုင် ၁၉၊ ၂၀၂၄

ဖယ်ခုံမြို့နယ်အတွင်းရှိ စစ်ရှောင်စာသင်ကျောင်းတွင် ကျောင်းသုံးပစ္စည်းနှင့် ဆရာ၊ဆရာမ လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီနေသူတစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်းရှိ ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားသော စစ်ရှောင်စာသင်ကျောင်းများတွင် ဇွန်လ ကတည်းကဖွင့်လှစ်ထားသော်လည်း ကျောင်းသုံးပစ္စည်းနှင့် ဆရာဆရာမ လိုအပ်မှုများရှိနေသည်။

” ကျောင်းသင်ထောက်ကူ ပစ္စည်းဖြစ်တဲ့ သင်ရိုးစာအုပ်၊ စားပွဲခုံ ၊ သင်ပုန်း အဲ့ဒါတွေလိုအပ်နေတယ်၊ ဆရာ၊ဆရာမတွေကလည်း လုံလောက်တဲ့အနေအ ထားမှ မရှိသေးဘူး၊ တချို့စာသင်ကျောင်းမှာတော့ အမိုးအကာတွေကစ လိုအပ်နေသေးတယ်” လို့စစ်ရှောင်ကူညီနေသူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ကျောင်းဖွင့်လှစ်ထားသည်မှာ တစ်လကျော် ရှိလာပြီး ကျောင်းတိုင်းလိုလို လိုအပ်ချက်များရှိနေဆဲဖြစ်ကြောင်း၊ ကူညီထောက်ပံ့နေသည့် အဖွဲ့အစည်းများရှိသော်လည်း လုံလောက်မှုမရှိကြောင်း ၎င်း ကဆက်ပြောသည်။

ဖယ်ခုံမြို့နယ်တွင် ဖွင့်လှစ်ထားသော ကျောင်းပေါင်း ၃၀ ဝန်းကျင်ရှိပြီး ကျောင်းသားဦးရေ ၂၀၀၀ ကျော်ရှိကြောင်းသိရသည်။

#PPV003
#ဖယ်ခုံ
#စစ်ရှောင်
#ပညာရေး

Leave a Reply

Your email address will not be published. Required fields are marked *