ခမ်းသားငေါဝ်း
ဇူလိူင် ၁၉၊ ၂၀၂၄

ဆည်ခေါင်းရွာတွင် စစ်ကောင်စီတပ်နှင့် တော်လှန် ရေးတပ်ဖွဲ့ တို့ ယနေ့ည တိုက်ပွဲပြင်းထန်စွာ​​ဖြစ်ပွား နေကြောင်း ဒေသခံထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်‌ရွှေမြို့နယ်၊ စံကားကျေးရွာအုပ်စု ဆည်ခေါင်းရွာတွင် စစ်ကောင်စီတပ်၊ လက်အောက်ခံ ပြည်သူ့စစ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ဇူလိုင်လ(၁၉)ရက် ညနေခင်း(၅)နာရီကစပြီး တိုက်ပွဲများပြင်းထန်နေသည်ဟု သိရသည်။

“ဘုန်းကြီးကျောင်းနားမှာပစ်ခတ်နေကြတာ ခုထိပဲ၊ လက်နက်ငယ်သံကအဆက်မပြတ်ပဲကြားနေရတာ၊ ရွာဘုန်းကြီးကျောင်းကလည်း ထိပြီထင်တာပဲ၊ ညဘက်ကြီးဆိုတော့သေချာမမြင်ရ” ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ယနေ့နံနက်ပိုင်းတွင် စံကားတောင်ဘက်ဟူးရန်းရွာနားတွင် စစ်ကောင်စီနှင့် တော်လန်ရေးတပ်ဖွဲ့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ဆည်ခေါင်းရွာအထိတိုက်ပွဲကူးလာခြင်းဖြစ်သည်။

တိုက်ပွဲကြောင့် အနီးနားရွာဖြစ်သည့် ကုန်းပြား၊ နောင်ဗို၊ လွယ်ဗောင်ရွာမှ ဒေသခံတို့သည်လည်း ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေကြပြီဖြစ်ကြောင်း သိရသည်။

“အခုဆည်ခေါင်းဘက်မှာတော့လူမရှိတော့ဘူး၊ ကုန်းပြား၊ နောင်ဗိုဘက်ကတော့ မထွက်ပြေးရသေးတဲ့ဒေသခံတစ်ချို့ကျန်နေသေးတယ် ခုကမိုးလည်းချုပ်နေပြီဆိုတော့ မနက်အစောမှပဲ ထရှောင်ကြမယ်ထင်တယ်” ဟု၎င်းကဆက်ပြောသည်။

ယခုသတင်း‌ရေးသားနေချိန်ထိ တိုက်ပွဲကဆက် လက် ဖြစ်ပွားနေပြီး ထိခိုက်သေဆုံးမှုအသေးစိတ်ကိုတော့ မသိရှိရသေးပါ။

ဆည်ခေါင်း၊ ကုန်းပြား၊ နောင်ဗို၊ လွယ်ဗောင်စသည့် ဒေသခံများသည် မှော်ဘီကျေးရွာမြောက်ဘက်ရှိ ကျေးရွာများနှင့် သပြေကုန်းဘုန်းကြီးကျောင်းတို့တွင် ထွက်ပြေးခိုလှုံနေကြကြောင်းသိရသည်။

#PPV007
#ဆည်ခေါင်း
#တိုက်ပွဲသတင်း
#စံကား
#ညောင်ရွှေ

Leave a Reply

Your email address will not be published. Required fields are marked *