ခမ်းသားငေါဝ်း
ဇူလိုင် ၁၉၊ ၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ စမ်းရေကြည်အနီးတဝိုက်ရှိ စစ်ရှောင်များ အရေးပေါ် စားနပ်ရိက္ခာ လိုအပ်နေကြောင်းဇူလိုင်၁၉ ရက်က စစ်ဘေးရှောင်ကူညီသူတစ်ဦးထံမှ သိရှိရပါသည်။

ပင်လောင်းတောင်ဖက်တိုက်ပွဲကြောင့် စမ်းရေကြည်အနီးတဝိုက်ရှိ သရက်အုပ်၊ တအိုမုတ်၊ လုံကန်၊ ထီးကာ၊ နန်းဟူး ၊ယပ်စပ်ကျေးရွာတွင် ရှိသည့် စစ်ဘေး‌ရှောင်ပြည်သူတစ်ထောင်ခန့် အခြေခံစားနပ် ရိက္ခာများနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်းသိရှိရသည်။

“အလှူရှင်တွေလည်း မလာတော့လေ တော်တော်ကိုလိုအပ်နေတယ် ပြေးရတာ ရက်ကြာလာတော့ စားသောက်ဖို့က အရမ်းခက်ခဲလာတယ် အလုပ်အကိုင်လည်းမရှိကြတော့ ရောက်တဲ့ရွာမှာလည်း နေ့စားမခေါ်ကြတော့ အရမ်းအဆင်မပြေဖြစ်နေကြတယ်” ဟု စစ်ဘေးရှောင်ကူညီနေသူတစ်ဦးကပြောသည်။

ပင်လောင်းတောင်ဖက်တွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံပြည်သူအမြောက်အများ တိမ်းရှောင်နေကြရသည်။

ပင်လောင်းဖက်တွင် အရပ်ဖက်အဖွဲ့အစည်း နည်းပါးသလို စစ်ဘေးရှောင်ကူညီသူများနည်းပါးသည့်အတွက် ပြည်သူများ များစွာအခက်အခဲကြုံတွေ့နေကြရကြောင်းသိရသည်။

#PPV008
#စမ်းရေကြည်
#humanright
#စစ်ရှောင်
#ပင်လောင်း
#အခက်ခဲရှိ

Leave a Reply

Your email address will not be published. Required fields are marked *