ခမ်းသားငေါဝ်း
ဇူလိုင် ၂၀၊ ၂၀၂၄

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က အပြည့်အ၀ သိမ်းပိုက်ရရှိပြီး စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရရှိထား ကြောင်း ဇူလိုင် ၂၀ ရက်တွင် တရားဝင်ထုတ်ပြန်ကြေညာထားသည်။

မန္တလေး PDF ကစဉ်ကူးမြိုနယ်အတွင်းရှိ စစ်ကောင်စီ စခန်းများအားလုံးအား ဇူလိုင်(၁၇)ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ယခုအခါ စဉ့်ကူးမြိုနယ်သည် စစ်ကောင်စီ ကင်းစင်သည့် မြိုနယ်တစ်ခုဖြစ်လာပြီး စဉ့်ကူးမြို့အား ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ မန္တလေးတိုင်းအတွင်း ပထမဆုံးသိမ်းယူသော မြိုအဖြစ် သမိုင်းမှတ်တမ်းတင်နိုင်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဆိုထားသည်။

ယခုတော်လှန်ရေးတပ်များက သိမ်းပိုက်ထားသည့် စဉ့်ကူးမြို့နယ်သည် မန္တလေး မြို့နှင့် မိုင်ပေါင်း ၅၄ မိုင် ၈ ဖာလုံသာ ကွာဝေးကြောင်း သိရသည်။

စဉ့်ကူးစစ်ဆင်ရေးတွင် စစ်သုံပန်းများ ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်ရမိခဲ့ကြောင်း စဉ့်ကူးစစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ဘက်မှ ထိုက်သင့်သော ပေးဆပ်မှုအချို့ရှိခဲ့ကြောင်း၊ အသက်ပေးလှူသွားခဲ့သည့် ရဲဘော်များအား ဦးညွှတ် အလေးပြု မှတ်တမ်းတင်အပ်ကြောင်း၊ စဉ့်ကူးစစ်ဆင်ရေးများတွင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ်ပြုလုပ်ခဲ့သောကြောင့် မြိုနေဧရိယာများ ၊ အရပ်သားပြည်သူနေအိမ်များ ထိခိုက်ပျက်စီးမှုရှိကြောင်းသိရသည်။

PPV001
#မန္တလေးမြို့
#စဥ့်ကူးမြို့နယ်
#မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်
#စစ်သုံ့ပန်းနှင့်လက်နက်ခဲယမ်း

Leave a Reply

Your email address will not be published. Required fields are marked *