ခမ်းသားငေါဝ်း
ဇူလိုင် ၁၉၊ ၂၀၂၄

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) အပစ်ရပ်ထားသည့် (၄)ရက်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ် သား (၁၈)ဦး သေဆုံးပြီး (၁၉)ဦး ဒဏ်ရာရရှိသည်ဟု TNLA ကထုတ်ပြန်ထားသည်။

မိုးကုတ်မြို့အရှေ့ပိုင်း ကုန်းမြင့်သာယာ၊ မင်းတံတားရပ်၊ ဖောင်တော်ဦးဘုရား၊ ဟက်ဖလားရပ်နှင့် မြို့မရပ်ကွက်တို့တွင် ဇူလိုင်လ ၁၈ ရက်နေ့၌ စစ်ကောင်စီ၏ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် မယ်သီလရှင် (၃)ပါး အပါအဝင် အရပ်သား (၉)ဦး သေဆုံးပြီး (၁၀)ဦး ထိခိုက်ဒဏ်ရာရရှိကြောင်းသိရသည်။

ထို့အပြင် ဇူလိုင်လ ၁၇ ရက်နေ့တွင်လည်း ကျောက်မဲမြို့ ခိုမုန်းသစ်စက်ဝန်းတွင် စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ် သား (၃)ဦး ပွဲချင်းပြီးသေဆုံးခဲ့သည့်အပြင် လားရှိုးမြို့ ရပ်ကွက် (၁)တွင် လက်နက်ကြီးကျရောက်ပေါက် ကွဲမှုကြောင့် ဒေသခံ (၃)ဦး သေဆုံးသွားကြောင်းသိရသည်။

မိုးကုတ်ညောင်လေးပင်တွင်လည်း ဇူလိုင်လ ၁၆ ရက်နေ့တွင် လက်နက်ကြီးကျပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်မှ အတွဲလိုက်ဒုံးပစ်ခတ်မှုကြောင့် မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင်အုပ်စု ပန်းမချယ်ရီရပ်ကွက်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုဖြစ်ပွားရာ ရပ်ကွက်ရှိ အရပ်သား (၂)ဦး သေဆုံးပြီး (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇူလိုင်လ (၁၅)ရက်နေ့တွင်လည်း ကျောက်မဲမြို့တွင် စစ်ကောင်စီမှ လက်နက်ကြီးဆက်တိုက်ပစ်ခတ်မှုကြောင့် အရပ်သား (၁)ဦး သေဆုံးသွားပြီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိကြောင်သိရသည်။

(၁၀၂၇) စစ်ဆင်ရေး အပိုင်း (၂) တိုက်ပွဲ (၂၄) ရက်အတွင်း စစ်ကောင်စီမှ အရပ်သားများတည်ရှိရာကို ဦးတည်ပြီး လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားစုစုပေါင်း (၉၄)ဦး သေဆုံးပြီး (၁၃၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု TNLA ကထုတ်ပြန်ထားသည်။

ဇူလိုင်လ (၁၄)ရက်နေ့မှ ဇူလိုင်လ (၁၈)ရက်နေ့အထိ
ညီနောင်မဟာမိတ် အဖွဲ့က တဖက်သတ်အပစ်ရပ်ကြေညာထားသည်။

#PPV 003
#TNLA
#အပစ်ရပ်
#ရှမ်းမြောက်
#humanright

Leave a Reply

Your email address will not be published. Required fields are marked *