ခမ်းသားငေါဝ်း
ဇူလိုင် ၁၈ ၊ ၂၀၂၄

သစ်ပင်ကောက်ရွာ၌ တောင်ယာခြံထဲတွင် အလုပ်လုပ်နေသည့် တောင်သူနှစ်ဦးကို PNO ပြည်သူ့စစ်ကသေနတ်ဖြင့်ပစ်ခတ်သဖြင့် ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် သစ်ပင်ကောက်ရွာတွင် ဇူလိူင်လ ၁၈ ရက် နေ့လယ်ပိုင်းတွင် တောင်ယာခြံထဲတွင် အလုပ်လုပ်နေသော တောင်သူနှစ်ဦးကို PNO ပြည်သူ့စစ်ကသေနတ်နှင့်ပစ်ခတ်သဖြင့် ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။

“PNO ကရွာနားလာပြီး သေနတ်လာဖောက်တယ်။တောင်ယာခြံထဲဆေးဖြန်းနေတဲ့ သူနှစ်ဦးကိုထိသွားတယ်။ တစ်ယောက်ကဖခုံးကိုထိပြီး ဖြောင်သွားတယ်။ နောက်တစ်ယောက်လည်း ပါစပ်ထိပြီး နောက်ကိုဖြောင်သွားတယ်။”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ဒဏ်ရာရရှိသောသူနှစ်ဦးသည် ယခုတွင် အောင်ပန်းစစ်ဆေးရုံတွင် ဆေးကုသနေရပြီး ဒဏ်ရာရရှိသူတစ်ဦးသည် စိုးရိမ်ရသည့်အခြေအနေတွင်ရှိနေကြောင်း သိရသည်။

ယမန့်နေ့ညဖက်တွင်လည်း သစ်ပင်ကောက်ရွာအနီးတစ်ဝိုက်တွင် သေနတ်သံ၊ လက်နက်ကြီးသံများတစ်ညလုံး ကြားနေရပြီး ဒေသခံများလည်း မရှောင်ကြသေးကြောင်း သိရသည်။

သစ်ပင်ကောက်ကျေးရွာသည် ဖယ်ခုံ၊ မိုးဗြဲ၊ ဗန်းမောက်၊ နမ်းဖာမူရွာ ဒေသခံများ လာရောက်စစ်ရှောင်ရာနေရာလည်းဖြစ်ကြောင်း သိရသည်။

#PPV005
#လူ့အခွင့်အရေး
#ပင်လောင်းမြို့နယ်
#သစ်ပင်ကောက်ရွာ
#PNOကသေနတ်နှင့်ပစ်ခတ်သဖြင့်
#ပြင်းထန်စွာဒဏ်ရာရရှိ

Leave a Reply

Your email address will not be published. Required fields are marked *