ခမ်းသားငေါဝ်း
ဇူလိုင် ၁၈ ၊ ၂၀၂၄

ဒီမောဆိုအနောက်ဘက်ခြမ်းတွင် Mobile banking ထုတ်ယူမှုဝန်ဆောင်ခမြင့်တက်နေ၍ ပြည်သူများအခက်အခဲဖြစ်နေကြောင်း ဒေသခံပြည်သူတစ်ဦးထံမှ သိရသည်။

ကရင်နီ(ကယား)ပြည်၊ ဒီမောဆိုအနောက်ဘက်ခြမ်းတွင် စစ်ကောင်စီက ဘဏ်များ၌ငွေထုတ်ယူမှုကန့်သတ်ထားပြီးနောက် Mobile banking များ ဖြစ်သော K pay၊ Wave ထုတ်ယူမှုဝန်ဆောင်ခ အဆမတန်မြှင့်တက်လာ၍ ပြည်သူများ ငွေထုတ်ယူရာ အခက်အခဲဖြစ်နေသည်။

” ဒီမှာကတော့ ၁၀ ရာခိုင်နှုန်းပေးရတယ်၊ တစ်သိန်းထုတ်ရင် တစ်သောင်းပေးရတာပေါ့၊ အဒေါ်တို့က ကိုယ်ပိုင်ဝင်ငွေမရှိတော့ဘူးလေ ၊ အဝေးက သားသမီးပို့လာတာပဲသုံးရတာလေ၊ အခုလို ရာခိုင်နှုန်းတွေအရမ်းမြင့်နေတော့ ဘယ်လိုလုပ်ရမှန်းသိတော့ဘူး၊ မထုတ်ရင်လည်း သုံးစရာကမရှိပြန်ဘူးလေ ” ဟု ဒေသခံပြည်သူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

စစ်ရှောင်အများစုမှာ အဝေးကမိသားစုဝင်တွေ ပို့သည့်ငွေသာအသုံးပြုနေရကြောင်း၊ ယခုလိုထုတ်ယူမှု ရာခိုင်နှုန်းမြင့်တက်သည့်အတွက် မလိုဘဲငွေကုန်ကျမှုများနေကြောင်း၊ ဆက်လက်မြှင့်တက်မည်ကို စိုးရိမ်ကြောင်း ၎င်း ကဆက်ပြောသည်။

ကရင်နီပြည်နေရာအချို့ တွင် Mobile Banking ဝန်ဆောင်ခကို ၇ ရာခိုင်းနှုန်း မှ ၁၀ ရာခိုင်နှုန်းကျော်အထိ ပေးဆောင်ရပြီး ၊ ထုတ်ယူခွင့်လုံးဝပိတ် ထားရသည့် အခြေအနေဖြစ်နေသည့် နေရာများလည်းရှိကြောင်းသိရသည်။

PPV003
#လူ့အခွင့်အရေး
#ဒီမောဆိုအနောက်ဘက်ခြမ်း
#Mobile
#banking
#K Pay

Leave a Reply

Your email address will not be published. Required fields are marked *