ခမ်းသားငေါဝ်း
ဇူလိုင် ၁၈၊ ၂၀၂၄

စစ်ကောင်စီကလက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ(၆)ဦးပွဲချင်းပြီး သေဆုံးပြီး (၁)ဦး ဒဏ်ရာရရှိကာ နေအိမ်(၄)လုံး မီးလောင်ပျက်စီးသွားကြောင်း TNLA က ဇူလိုင်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ လားရှိုးနှင့် မန္တလေးတိုင်း မိုးကုတ်မြို့တို့တွင် အပစ်ရပ်ထားသော်လည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးဖြင့်ပစ်ခတ်မှုများကြောင့် သေဆုံးသူ၊ ဒဏ်ရာရရှိသူနှင့် နေအိမ်ပျက်စီးမှုရှိနေသည်၊၊

ကျောက်မဲမြို့ ခိုမုန်းသစ်စက်ဝန်းကို စစ်ကောင်စီက ဇူလိုင်လ (၁၇)ရက်နေ့ တွင် လက် နက်ကြီးပစ်ခတ်ရာ အသက်(၄၀)နှစ်အရွယ် အမျိုးသမီး(၁) ဦးနှင့် အမျိုးသား (၂)ဦး ပွဲချင်းပြီးသေဆုံးပြီး ရပ်ကွက် (၈)တွင်လည်း ကားဝပ်ရှော့ဆိုင်အတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် မီးလောင်မှုဖြစ်ပြီး ကား(၃)စီး မီးလောင်ပျက်စီးသွားကြောင်းဆိုထားသည်။

ထို့အပြင် လားရှိုးမြို့ ရပ်ကွက်(၁)တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် မိသားစုဝင် (၃)ဦး လက်နက်ကြီးစ ထိမှန်သေဆုံးသွားခဲ့ပြီး မိုးကုတ်အရှေ့ပိုင်း ညောင်လေးပင်တွင်လည်း လက်နက်ကြီးနေအိမ်ပေါ်သို့ကျရာ အမျိုးသားတစ်ဦး ထိမှန်ဒဏ်ရာရရှိကာ ချမ်းမြေ့သာယာရပ်ကွက်နှင့် ရေပူတွင်လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်(၃)လုံး ထိမှန်ပြီး မီးလောင်ပျက်စီးသွားခဲ့ကြောင်းသိရသည်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(TNLA)မှ (၄)ရက် အပစ်ရပ်ထားသော်လည်း စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီး ဆက်တိုက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပစ်ရပ် (၃)ရက်အတွင်းတွင် အရပ်သား (၉)ဦး သေဆုံးပြီး (၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည် ဟု TNLA ကဆိုသည်။

(၁၀၂၇) စစ်ဆင်ရေးအပိုင်း (၂) တိုက်ပွဲ (၂၃)ရက်အတွင်းတွင် စစ်ကောင်စီမှ အရပ်သားများကို ဦးတည်ပြီး လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား (၇၆)ဦး သေဆုံးပြီး (၁၁၂)ဦး ထိခိုက်ဒဏ်ရာရရှိထားကြောင်းသိရသည်။

PPV003
#လူ့အခွင့်အရေး
#ကျောက်မဲ
#လးယားရှိုး
#မိုးကုတ်
#အပစ်ခတ်ရပ်ထား
#TNLA

Leave a Reply

Your email address will not be published. Required fields are marked *