ခမ်းသားငေါဝ်း
ဇူလိုင် ၁၈၊ ၂၀၂၄

ကွယ်လွန်သွားသည့် နိုင်ငံကျော်အဆိုတော် စိုင်းဆိုင်(မောဝ်)အား ဇူလိုင်လ ၁၉ ရက် နေ့လယ် ၃ နာရီအချိန်တွင်သဂြိုလ်သွားမည်ဟု မိသားစုဝင်ထံက သိရသည်၊၊

နိုင်ငံကျော်အဆိုတော် စိုင်းဆိုင်(မောဝ်း) အသက် ၇၇ နှစ်အား ရန်ကုန်မြို့ ရေဝေးသုဿန်တွင် ဇူလိုင် ၁၉ ရက် နေ့လည်သုံးနာရီအချိန်၌ သဂြိုလ်သွားမည်ဖြစ်ပြီး ရပ်နီးရပ်ဝေးမှအသိများအနေနှင့် လိုက်ပါပို့ဆောင်နိုင်ကြောင်း သိရသည်၊၊

“ပေါ့ပေါ့စိုင်းဆိုင်မောင်ရဲ့ သဘောထားကတော့ သူဆုံးသွားပြီးနောက် သူ့ရဲ့အရိုးပြာကို ရှမ်းပြည်ထဲက ချယ်ရီပင်အောက် တစ်နေရာမှာ သွားမြုပ်ပေးဖို့ မှာခဲ့တယ်” လို့ စိုင်းဆိုင်မောင်မိသားစုနဲ့နီးစပ်သူတစ်ဦးက ရှမ်းသံတော်ဆင့်ကို ပြောကြားခဲ့ကြောင်း သိရသည်၊၊

ကွန်လွန်သူဦးစိုင်းဆိုင်(မောဝ်)သည် ရှမ်းပြည်နယ် မြောက်ပိုင်းနေ (ဦးဘခိုင်+ဒေါ်အေးစိန်)တို့၏သား၊ဦးအောင်မြတ်စိုး+ဒေါ်နန်းခမ်းမိုင်၊ဦးစိုင်းကျော်ခမ်း+(ဒေါ်နန်းခမ်းမွန်)၊စိုင်းရဲနိုင်စိုး+နန်းအေမွေ၊(စိုင်းရဲနောင်စိုး)၊ စိုင်းရဲနေစိုး၊ကိုကျော်စိုးနိုင်+နန်းဆိုင်မွန်ခမ်း၊စိုင်းဟိဏ်းဆိုင်မောဝ်၊နန်းရွှေဝတ်မှုန်တို့၏ဖခင်၊ မြေး(၁၀)ယောက်တို့၏အဖိုး ဖြစ် ကြောင်းသိရသည်၊၊

ရှမ်းတိုင်းရင်းသား အဆိုတော်ကြီး စိုင်းဆိုင်မောဝ်သည် ဇူလိုင်လ(၁၇)ရက်နေ့ ည(၇)နာရီ (၁၅)မိနစ်အချိန်တွင် အင်းစိန်မြို့နယ်အတွင်းရှိ အထူးကုဆေးရုံတွင် ကွယ်လွန်သွားကြောင်း သိရသည်။

အဆိုတော် စိုင်းဆိုင်(မောဝ်)သည် ရှမ်းစာပေ နှင့် ရှမ်းယဉ်ကျေးမှုကို အလေးထားပြီး ရှမ်းဘာသာဖြင့် တေးသီချင်းများစွာကို ဘက်ပေါင်းစုံကနေရေးစပ် သီဆိုခဲ့သလို မြန်မာဘာသာဖြင့် တေးသီချင်းများစွာကိုလည်း ကိုယ်တိုင်ရေးစပ် သီဆိုခဲ့သူဖြစ်သည်။

နိုင်ငံကျော်အဆိုတေော် စိုင်းဆိုင်(မောဝ်)အား ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ(၁၈)ရက်နေ့တွင် မွေးဖွားခဲ့ပြီး အသက်(၁၄)နှစ်အရွယ်ကတည်း ဂီတအနုပညာကို ဝါသနာပါလာသူဖြစ်ကာ နာမည်အရင်းက စိုင်းညွှန့် မောင် ဖြစ်ပြီး စိုင်းဆွမ်ယုတ် အမည်ဖြင့်လည်း သီချင်းများဆိုခဲ့ဖူးသော်လည်းလူသိနည်းခဲ့ပြီး စိုင်းဆိုင်(မောဝ်) အမည်ဖြင့် ပြောင်းလဲလိုက်ပြီးနောက် နိုင်ငံအဆင့်ကျော်ကြားလာခဲ့သူ ဖြစ်ကြောင်းသိရသည်။

PPV009
#နာရေး
#နိုင်ငံကျော်အဆိုတော်
#စိုင်းဆ်ုင်မောဝ်
#ရေဝေးသုဿန်
#ဂီတအနုပညာ

Leave a Reply

Your email address will not be published. Required fields are marked *